SlideShare a Scribd company logo
1 of 42
Download to read offline
Index
မာတိကာ
၁။ ဆင်းရဲမွဲတေမှုပပျောက်နည်းသိပါတယ်။ လက်တွေ့လုပ်ဖို့ခက်နေပါသလား..
Page 1
၂။ ပွင်းလင်း၊ လွတ်လပ်စွာအခွန်ကောက်သည့်စနစ် အရေးတကြီး
လိုအပ်နေသည်။ (ဂျာမဏီ၊ ဂျပန် ကြိုဆိုခြင်း) P 6
၃။ လွတ်တော်ဥက္ကဌကြီးကအခြေခံဥပဒေနဲ့အာဏာရှင်ဟောင်းတွေ
ကာကွယ်ရတာပါ ဟု ဝန်ခံလိုက်ပြီ။ P11
၎။ အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း P 14
၅။ ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) နှင့် ပညာရေး P 19
၇။ အသေးစားနှင့်အလတ်စားစီးပွားရေးကိုမြှင့်တင်တော့မည်ဟု
သမ္မတဦးသိန်းစိန်ပြောပြီ P 25
၈။ နွားနို့နှင့်အရက် P 29
၉။.ရေနှင့်အလုပ်ကိုင်ခက်ခဲနေသူများနှင့် မြန်မာသူဌေးကြီးများ -၂၀၁၄ P 35
Tax system, Myanmar 2.5% of GDP, World 20%-45%
2/19/2014 Povertyof World Countries & Myanmar
http://mingalaronline.biz/stories/poverty.myanmar.htm 1/5
ဆင်းရဲမွဲတေမှုပပျောက်နည်းသိပါတယ်။ လက်တွေ့လုပ်ဖို့ခက်နေပါသလား..
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
တက်ရောက်အမှာစကား ပြောသည့် 8-Jan-2014 တွင်၊ ဝန်ကြီးဌာန သတ်သတ်မှတ်မှတ်မရှိ၍ ဖေါ်ဆောင်မှုခက်ခဲနေဟုဆိုသည်။
ယခုမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဟုသတ်မှတ်လိုက်သောကြောင့် ပိုမိုအောင်မြင်လာမည်
ဟုဆိုသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းကို(I.H.L.C.A) နှင့် UNDP, UNICEF ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး
ဌာနတို့မှ၂၀၁၀အထိစစ်တမ်းရှိကြောင်း။ လမ်း၊ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ချေးငွေ
ရရှိရေး တို့အကြောင်း ပြောသွားသည်။ အရေးကြီးသော အဖွဲ့ဖြစ်သောကြောင့် ကာ/ချုပ် (ကြည်း) ကိုလည်း ထည့်သွင်းထားသည်။
ကုန်ကျငွေများလွန်းသော စိုက်ပျိုးရေးဝန်ကြီး အစား၊ ဝင်ငွေရနေသော မွေး-ရေ ဝန်ကြီးဌာနတွင် ထည့်သွင်းလိုက်ခြင်းကိုကြိုဆိုရမည်။
တစ်ရွာသိန်း ၃၀၀ ဖြင့် ရွာ ၁၀၀၀ ထုတ်ချေးမည် ပြန်ပေးစရာမလိုအလွဲသုံးလျင်အရေးယူမည် ဟုစီမံကိန်းဝန်ကြီး
ဒေါက်တာကံဇော်က ပြောသည်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးဌာနမှလက်ရှိမြန်မာနိုင်ငံ၌ကျေးရွာ ပေါင်း ၆ သောင်းကျော်မှနမူနာ
ရွာတစ်ထောင်ဖြင့် ဖွံ့ဖြိုးမှုစတင်နေသည်။
အထက်ပါ မြေပုံCIA 2008 အရ မြန်မာ (အညိုရောင်) သည် အန္နိယ (အဝါရောင်) ထက် ဆင်းရဲမွဲတေသူပိုများနေသည်။
မြန်မာလူမျိုး ၄၀% တစ်နေ့၊ လူတစ်ယောက်၊ ထမင်း၂နပ်စားစရိတ် 0.60 ဒေါ်လာ ပင်မတတ်နိုင်ပဲ ဆင်းရဲမွဲတေနေကြပါသည်။
လွန်ခဲ့သော နှစ်၃၀ ၁၉၈၀ ကျွန်ုပ်တက္ကသိုလ်အဆောင် နေစဉ် ကတည်းက တစ်လ ၄ဒေါ်လာ (ကျပ် ၁၂၀)၊ တစ်နေ့ 0.10
ဒေါ်လာနှုန်းဖြင့် အစိုးရထောက်ပံ့သော ဆန်ကိုစားသောက်ခဲ့ကြသည်။ ထိုစဉ်က ဆင်းရဲမွဲတေမှန်းမသိခဲ့။ အခုမှ
ဒါလောက်ဆင်းရဲမွဲတေ ရလေခြင်း ဟုသိရပြီး ငိုချင်မိသည်။
ဆင်းရဲမွဲတေမှုပပျောက်ရေးသည် လယ်ယာ၊မွေး၊ရေလုပ်ငန်းများနှင့် ဆိုင်နေသဖြင့် ထိုကဏ္ဍကြီးများတွင် ဖွံ့ဖြိုးရေးအဖွဲ့များက
ချေးငွေရမည်ဖြစ်မည်။ မြန်မာပြည်သည် ၁၉၈၅ နောက်ပိုင်း ချေးငွေများစွာ မဆပ်နိုင်ခဲ့၊ ယခုဂျပန်နှင့်နိုင်ငံတကာ အကူညီကြောင့်
ADB, World Bank(IDA), IMF စသည့်တို့မှချေးငွေ ရရှိလာသည်။
ကျေးလက်ဒေသများတွင် ဝမ်းစာဆန်နှင့်၊ ဟင်းကိုလယ်တောမှရှာစားရသည့် အဆင့်က တက်လာပြီလား ဟုမေးပါက၊
တက်မလာသေးပါဟုဖြေကြသည်။ လယ်ပိုင်ရှင်များကတော့ ဟန်းဖုန်း၊ တီဗီ၊ မီးစက်၊ ကျေးလက်လူထုမှာ
2/19/2014 Povertyof World Countries & Myanmar
http://mingalaronline.biz/stories/poverty.myanmar.htm 2/5
သူရင်းငှားဘဝရောက်သွား..ဟုဆိုသည်။ ကျေးလက်လူထုဝင်ငွေရအောင် နည်းလမ်းမှာ စိုက်ပျိုးရေး၊မွေးမြူ လုပ်ငန်းများ
ပံ့ပိုးပေးရန်သာရှိသည်။- မြန်မာပြည်တွင် ဧရာဝတီမြစ်ရေတင် အသုံးချနိုင်ပါက တောင်သူလယ်သမားများ ဝင်ငွေတိုးလာမည်
သေချာပေါက်ဖြစ်သည်။ သို့သော် မြစ်ရေတင်ခြင်းနှင့် ဆည်မြောင်းစီမံကိန်းများအတွက် အစိုးရမှာငွေမရှိ၊ တလောက
ရေတင်လျှပ်စစ်ဖိုး အလကားပေးရမည့်အစား၊ ဈေးမြှင့် တောင်းသောကြောင့် လူထုဆန္ဒပြလုနီးပါး ကြုံခဲ့ရသည်။ လျှပ်စစ်ကို
မြန်မာတပြည်လုံးရှိကျေးရွာအားလုံး၏ သုံးပုံတစ်ပုံပေးနိုင်ခဲ့ပြီဟုဆိုသော်လဲ ဝိသမကုမ္ပဏီများက မြို့နယ်သို့ လျှပ်စစ်ထုတ်လုပ်ရန်
လှည့်သွားသည်။ တစ်ယူနစ် ကျပ် ၂၅၀နှုန်းဖြင့် မတရားရောင်းစားခွင့် ပါမစ် (လက်ဝါးကြီးအုပ်လျှပ်စစ်ထုတ်လုပ်ခြင်း) ကို
အကောင်အထည် ဖေါ်နေသဖြင့် စိုးရိမ်ရပါသည်။
ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ
MDG ဆိုသည်မှာ the Millennium Development Goals ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းဖြစ်သည်။ ၁၉၄၉ ခုနှစ်က
ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဆင်းရဲမွဲတေသူများ သို့ ချဉ်းကပ်နေကြောင်း Harry Truman ကပြောသည်။ သို့သော် တရုပ်နိုင်ငံ၏
အံ့သြဖွယ်ရာ တိုးတက်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုကျဆင်းသွားလေသည်။ ကြေးမုံသတင်းစာ 14-08-2013
ပါမောက္ခဦးအောင်မြင့် ဆောင်းပါးအရ၊ ၁၉၉၉ - ၂၀၁၀ အတွင်း ကမ္ဘာ့ဆင်းရဲမွဲတေသူများ တစ်ဝက်ခန့်ကိုလျှော့ချနိုင်ခဲ့သည်။
ကုလသမဂ္ဂဝန်ထမ်းသည် လစာမကောင်းပါ။ သို့သော် စာရိတ္တကောင်းသူများစွာ ဖြစ်သည်။ အလားတူပညာရေး၊ တက္ကသိုလ်ကထိက၊
ပါမောက္ခများလဲ လစာနဲပြီး၊ စာရိတ္တကောင်းသူများ လုပ်ကိုင်ကြသည်။ ထိုသူတို့သည် မလိုအပ်ပဲ မသုံးမစွဲ၊ ချိုးခြံချွေတာတတ်သူများ
ဖြစ်ပါသည်။ ထိုသူများက ဦးဆောင်သော ဖွံ့ဖြိုးစီမံကိန်းများသည် အောင်မြင်ပါသည်။ သို့သော် အကောင်ထည်ဖေါ်ရသော နိုင်ငံတွင်
အကျင့်ပျက်သူ၊ နားမလည်သူများစွာ ရှိပါက အကူညီများသည် သဲထဲရေသွန် ဖြစ်လေ့ရှိသည်။ ခေါင်းဆောင် ကိုယ်တိုင်က
အာဏာရှင်ဖြစ်ပါက ပိုဆိုးသည်။ ၁၉၈၂ခုအာရှဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း၈၀ဖြင့် မကွေးတိုင်း၊ မင်းဘူး၊
ကမ်းနီမြစ်ရေတင်စီမံကိန်းကိုလုပ်ဆောင်ခဲ့ရာ၊ ပြည်တွင်း၊ပြည်ပ လူညာ၊လူဝါ များကြောင့်း ဝါဂွမ်းဧက ၂၀၀၀ အတွက်သာ
ရေပေးနိုင်သည်ဟုဆိုသည်။ နိုင်ငံအကြီးအကဲ ဦးနေဝင်းက ဘုမသိ၊ ဘမသိပဲ လာကြည့်ရှု၊ မေးမြန်းရာ စပါးမစိုက်နိုင်သောနေရာတွင်
တံမံ၊ လျှပ်စစ်ရေတင်ပံ့ကြီးများစွာ၊ အလဟသဖြစ်သည်ကိုစီမံကိန်းပြီးသွားမှသိရှိသွားရသည်။ ထိုစီမံကိန်းကိုဦးစီးရသူ
အငယ်တန်းအင်ဂျင်နီယာ ဦးလှချိုဦး (ယခုနယူးယောက်မြို့နေထိုင်သူ) ၏ အမှတ်တရဆောင်းပါးတွင် ဦးနေဝင်းကိုယ်တိုင် " ဟာ..
ဝါဂွမ်း တစ်ဧကဒေါ်လာ၎သောင်းတောင် ရင်းနှီးမှတော့ ရွှေပင်ပဲ စိုက်တာကောင်းတယ်." ဟုဆည်မြောင်းဝန်ကြီးအား မအေ၊နှမ
တိုင်းထွာပြောဆိုပြီး လှည့်ပြန်သွားသည်ဟုဆိုသည်။ ခေါင်းဆောင်ကြီးကလဲ သူကြိုက်သလိုဆုံးဖြတ်၊ ဝန်ကြီးကလည်း
ခေါင်းဆောင်လုပ်ခိုင်းသလိုလုပ်။ တခါက ထိုကဲ့သို့အဖြစ်များ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုလဲ တစ်နှစ်အတွင်း မိမိတို့
အိပ်ထဲရောက်မည့် ငွေကိုပဲ သိပြီး နောက်၁၀နှစ် အတွက် ဂရုမစိုက်သည့် အရာရှိကြီးများကိုအပြစ်ပေး၊ အနားယူစေရမည်ဖြစ်သည်။
စာရိတ္တကောင်းပြီး၊ တတ်ကြွမ်းသူများ လုပ်ဆောင်ပါက ဆင်ရဲမွဲတေမှုသည် အလျှင်အမြန် ပပျောက်သွားပါမည်။
မြန်မာအစိုးရဝန်ထမ်းများအတွက် လစာနှင့်မလောက်နိုင်ပါ။ စားဝတ်နေစရိတ်ကိုခေတ်ကာလနှင့်အညီအစိုးရက ပံ့ပိုးထားရပေမည်။
အစိုးရပေးသော လစာငွေ၊ နေအိမ်ထက် ပိုကောင်းတာ လိုချင်ပါက ပေးနိုင်သော ပုဂ္ဂလိက လုပ်ငန်းများသို့
အလုပ်ပြောင်းရန်သာရှိသည်။ ဝန်ထမ်းလဲလုပ်၊ စီးပွားရေးလုပ်လာပါက အဂတိလိုက်စားမှုကိုမရှောင်နိုင်ပါ။
စာရေးသူပါမောက္ခဦးအောင်မြင့် ရေးသည့်အတိုင်း၊ ကမ္ဘာကြီးသည် ဆင်းရဲမွဲတေမှုပပျောက်ရန် မည်သို့လုပ်ရမည့်နည်းလမ်းကို
လူများသိပြီးဖြစ်သည်။ လက်ဝါးအုပ် စီးပွားရေးစနစ်များကိုမထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့်
အိန္နိယနှင့်အာဖရိကနိုင်ငံများ ပိုဆိုးကြသည်။ ကျွန်ုပ်က ဆရာပါမောက္ခဆင်ဆာချန်ခဲ့သည်ကိုထည့်ရေးပါမည်။
အရှေ့တောင်အာရှတွင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင် တို့သည် ဆင်းရဲမွဲတေမှုကြီးမားသော နိုင်ငံများတွင်
ပါဝင်နေပါသည်။ ဘင်္ဂလားဒေ့ခ်ျ နှင့်အာဖရိကနိုင်ငံ နိုင်ငံများလောက် မဆိုးသော်လည်း မြန်မာနိုင်ငံသည် အခြေအနေ မကောင်းပါ။
ယခုမြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွင် စာရိတ္တပညာကိုအစိုးရနှင့်ဌာနဝန်ထမ်း အကြီးတန်းအရာရှိကြီးများကို
သမ္မတဦးသိန်းစိန်အစိုးရက စံနမူနာပြ၊ ကြိုးစားလေ့ကျင်၊လက်တွေ့လုပ်နေသည်။ နောက်ကြောင်းပြန်လိုသည့် အုပ်စုအတွက်တော့
ဒဏ်ပေးရန်သာ ကျန်တော့သည်။ အမေရိကန် စီးပွားကပ်ဖြစ်တိုင်း စာရိတ္တကောင်းသော သူဌေးကြီးများက ဘုံလယ်ယာ၊
2/19/2014 Povertyof World Countries & Myanmar
http://mingalaronline.biz/stories/poverty.myanmar.htm 3/5
များစွာဖန်တီးပြီး လူများကိုကျွေးမွေး၊ အလုပ်ပေးထားလေ့ ရှိသည်။ ဗီယက်နမ်အစိုးရသည် အသက်ကြီးသူများအား ထီလက်မှတ်၊
ထောက်ပံပေးပြီး ရောင်းချစေပြီး ဝင်ငွေရစေသည်။ အလုပ်များဖန်တီးပေးပြီး၊ ခိုးဝှက်၊ခေါင်းပုံဖြတ်သူနည်းပါးစေသည်။
သူများပြောသည့်အတိုင်းမလုပ်ပဲ မိမိနိုင်ငံသား လူငယ်များကိုတိုးတက်နိုင်ငံကြီးများ၊ ပတ်ဝန်းကျင်နိုင်ငံများသို့ စေလွှတ်၊ ခရီးသွား၊
အောက်ခြေထိ၊ လေ့လာခြင်းကိုအရှိန်မြှင့်တင်ပေးရပါမည်။ နိုင်ငံခြားထွက်၊ ဟိုတယ်ဇိမ်ခံ၊ ချွေတာ၊ အစိုးရခရီးစရိတ်ထုတ်စားသော
ခေတ်လဲကုန်လောက်ပါပြီ။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ လုပ်ဆောင်ချက်များမှာ စိုက်ပျိုးရေး၊
အသေးစားကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ရန်၊ စနစ်တကျလုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ရေနှင့်လျှပ်စစ်ကိုပင် အစိုးရက
လုပ်မပေးနိုင်သောကြောင့် ပိုမိုဆင်းရဲ မွဲတေသလိုဖြစ်သွားသည်။ အချက်အလက်များကို၂၀၁၄ မတ်လ
သန်းကောင်စာရင်းကောက်ချိန် သိနိုင်ပါမည်။
တရုပ်နိုင်ငံ၏ဆင်းရဲမွဲတေမှုပပျောက်ရေး
တရုပ်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များ ဆင်းရဲမွဲတေပပျောက်နည်း သိရုံမက၊ လက်တွေ့အကောင်ထည်ဖေါ်ခဲ့သည်။
အမေရိကန်၊ ဂျပန် ခေါင်းဆောင်များလဲ သိရှိ၊ လုပ်ဆောင်နိုင်သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံခေါင်းဆောင်များ အကျင့်ပျက်မှုများကို
မထိန်းနိုင်သဖြင့် ကြွေးကြော်ခဲ့သလိုတောင့်မထားနိုင်တော့ပါ။ ဝေဖန်ခံရတော့သည်။
တရုပ်နိုင်ငံ ၁၉၈၉ အရေးအခင်းကြီး Tiananmen Square protests of 15 April 1989 – 4 June 1989 တွင် မြို့ကြီး ၄၀၀ မှာ
၃လကြာ တစ်နိုင်ငံလုံး ဆန္ဒပြခဲ့သည်။ ဖြစ်ရခြင်း အကြောင်းရင်းမှာ တိန့်ရှောင်ဖိန့်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအရှိန်ဟုန်မြှင့်ချိန်
အစိုးရထိပ်ပိုင်းလူများ လာဘ်စားမှုနဲ့ ဆွေမျိုးများစီးပွားလုပ်မှုcorruption and nepotism အရမ်းကြီးမားလာ၍ ဖြစ်သည်။
အစိုးရခေါင်းဆောင်များတွင် စစ်အင်အားသုံးမလား၊ မသုံးဖူးလား ချင့်ချိန်နေရင်း နောက်ဆုံး တိန်ရှောင်ဖိန့်က စစ်အင်အားသုံးပြီး
ပြုပြင်ပြောင်းလဲမှုကိုခရီးဆက်ရသည်။ အရေးယူရသည်။ ယခုတရုပ်နိုင်ငံအခြေအနေ တိုးတက်ရောက်ရှိလာပေသည်။ တရုပ်ပြည်
ခေါင်းဆောင်သစ်များ၏ စာရိတ္တပညာကောင်းမှုကြောင့် နိုင်ငံတိုးတက်လာရသည်ဟုကောက်ချက်ချလိုပါသည်။
အဆင်းရဲမွဲတေဆုံး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရင်လေးဖွယ်ရာ ဖြစ်သည်။ စိုက်ပျိုးစရိတ် ချေးငွေမှအစ
ထိုရောက်စွာကူညီဖို့လိုသည်။ အထူးသဖြင့် စိုက်ပျိုးရေးအတွက် တရုပ်ပြည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က စက်မှုလယ်ယာ၊
မျိုးစေ့၊ နည်းပညာ လုပ်ငန်းရှင်များကို၄၀% အထိဥပဒေဖြင့် ပံ့ပိုးပေးသောကြောင့် ဆင်းရဲမွဲတေမှုပပျောက်သွားဖြင်းဖြစ်သည်ကို
မြန်မာအစိုးရ သိပါသည်။ စက်မှုလယ်ယာ ပစ္စည်း တရုပ်ပြည်မှတင်သွင်းသည်ကိုအခွန်ကြီးမားစွာ ကောက်နေခြင်းမှာ
အလွန်အန္နရယ်ကြီးသော လုပ်ရပ်ဖြစ်သည်။ လယ်သမားကိုယ်တိုင် ထိုင်း၊ တရုပ်ပြည်မှလယ်ယာသုံးပစ္စည်း သွားရောက်ဝယ်ယူ
တင်သွင်းခွင့် ပြုပြီး၊ အခွန်မဲ့ဖြစ်ရမည်။ မြန်မာပြည်တွင် လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရောင်းချသူများကိုလည်း တရုပ်ပြည်လို၄၀%
Subsidy ပံ့ပိုးပေးရမည်။ တရုပ်လုပ်သော ကျပ်၃သိန်းတန် ကောက်ရိတ်စက်၊ လယ်ထွန်စက် ပြည်တွင်းထုတ် ရောင်းချသူအား
စိုက်ပျိုးရေးဝန်ကြီးဌာနက ၄၀% အစိုးရက ပံ့ပိုးပေးလျှင် လယ်သမားများ ဆင်းရဲမွဲတေမှုမှနှစ်တိုအတွင်း လွတ်ကင်းမည်ဖြစ်သည်။
အစိုရလူကြီးမင်းများ၏ စာရိတ္တပညာဖြစ်သည်။ မိတ်ဆွေ လွှတ်တော်အမတ်အချို့မိသားစုဝင်ငွေမှာ မလုံလောက်၊
ဝင်ငွေပိုကောင်းသည် (ပါမစ်၊ လိုင်စင်၊ အိမ်မြေ) လုပ်ငန်းများ လုပ်နေရသည်ကိုဝမ်းနည်းစွာ တွေ့မြင်နေရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီ
သမ္မတဦးသိန်းစိန်အစိုးရ လူထုအုံကြွမှုမဖြစ်စေပဲ corruption and nepotism ကိုမီဒီယာအကူညီဖြင့် လုပ်ဆောင်နေပါသည်။
ပါတီကြီးတို့တွင် အာဏာရရှိရေးအတွက် ဦးတည်ခြင်း၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်လည်း ငွေ၊ အာဏာကိုပဲ
ဦးစားပေးနေခြင်းမှပြုပြင်ပြောင်းလဲမှုလိုနေသည်။ သမ္မတဦးသိန်းစိန် အစိုးရအပေါ်တွင် လုံးဝတည်နေပါသည်။ သမ္မတဦးသိန်းစိန်
အစိုးရ ပေါ်လစီနှင့် စီမံကိန်းများတွင် ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်နိုင်မှဖြစ်မည်။ လုပ်နည်း၊ ကိုင်နည်း၊ သိပြီးဖြစ်သည်။
2/19/2014 Povertyof World Countries & Myanmar
http://mingalaronline.biz/stories/poverty.myanmar.htm 4/5
စီမံကိန်းများ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အာရှဘဏ် စသည့် အဖွဲအစည်းများမှာ အထူး၊
အကူညီပေးနေချိန်ဖြစ်သည်။
အစိုးရ၏ ပေါ်လစီအတိုင်း၊ ပညာရေး၊ ကျန်းမာရေးများကိုမဏ္ဍိုင်တည်က အခွန်ကောက်ခြင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သွင်း/
ထုတ်ကုန် များတွင် တိုးတက်လာသည်ကိုဝမ်းမြောက်ရသည်။ သို့သော် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်
နိဂုံး
ထပ်ရေးရလျှင် ဆင်းရဲမွဲတေမှုပပျောက်ရန် စာရိတ္တပညာအခြေခံသော စိုက်ပျိုး၊မွေးမြူ တော်လှန်ရေးကြီးတစ်ခုလုပ်ရပေမည်။ ထိုင်း၊
ဗီယက်နမ် နိုင်ငံအား လေ့လာ၊ နမူနာယူပြီး၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်တို့မှအတုယူစရာမရှိပါ။ လူလတ်တန်းစား လယ်သမား၏
ဝင်ငွေမှာ ကျွန်ုပ်တို့ TARGET Calbo Fertilizer ကုန်ထုတ်လုပ်ငန်းမှတွက်ချက်အရ ကလေး၂ယောက်ရှိသော လယ်မြေ ၅ဧကပိုင်
ပဲခူးတိုင်း တောင်သူမိသားစုအတွက် တစ်နှစ်ဝင်ငွေ သိန်း၆၀ခန့် (နှစ်သီးစိုက်) ဖြစ်သည်။ အစိုးရမှအဖွဲ့လုပ်ပေးပြီး အလုပ်မဖြစ်ပါက
ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှကိုယ်ကျိုးမဖက် သော ရပ်မိဘများက ၊ ငွေမရှိ၊ စေတနာရှိ၊ ပညာရှိ၊ စာရိတ္တရှိစွာဖြင့်
အဖွဲ့အစည်းများဖြင့် လုပ်ဆောင်နေသည်မှာ အားရဖွယ်ဖြစ်သည်။ လူငယ်အင်အားကိုအသုံးမချနိုင်လျှင်
စစ်အာဏာရှင်ဟောင်းများနှင့် ခရိုနီများက ဖိလစ်ပိုင်၊ ကမ္ဘောဒီယားကဲ့သို့ ကြီးစိုးနေဦးမည်ဖြစ်သည်။ ထိုလူငယ်အဖွဲ့များ စာရိတ္တနှင့်
စေတနာမေတ္တာဖြင့် ထိုးဖောက်၊ လုပ်ဆောင်ခြင်းဖြင့် နောင်ဆယ်နှစ်ခန့်အကြာ ဆင်းရဲမွဲတေခြင်းပပျောက်ပြီး၊ Corruption &
Nepotism အပေါ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။
မှတ်ချက်။
ကမ္ဘာ့ဆင်းရဲမွဲတေမှုပပျောက်ရေး MDG လုပ်ငန်းကိုအင်တာနက်တွင် လေ့လာပါက 1. extreme poverty and hunger 2.primary
education 3.equality women 4.child 5.maternal health 6.HIV/AIDS and diseases 7. environmental sustainability 8.
partnership စသည်တို့တွင် ကမ္ဘာ့အဖွဲ့စည်း ၂၃ခုလုပ်ဆောင်နေပါသည်။ ကမ္ဘာ့ဆင်းရဲမွဲတေမှုသတ်မှတ်ချက်မှာ လူတစ်ဦး
တနေ့စားသောက်ဖို့ဘယ်လောက်ကုန်သလဲ ဖြစ်ပါသည်။ ကမ္ဘာစံနှုန်း 1.25 US$ dollar per day, Ref. www.unicef.org (2011
data).
၁။ အမေရိကန် ဒေါ်လာ ၄.၉၀
၂။ စင်ကာပူဒေါ်လာ ၁.၇၉
၃။ သြစတြေးလျား ဒေါ်လာ ၈.၀၂
၎။ မလေးရှား ဒေါ်လာ ၁.၃၆
၅။ ထိုင်း ဒေါ်လာ ၁.၇၁
၆။ ဗီယက်နမ် ဒေါ်လာ ၀.၅၈ (၁၉၉၃ တွင် ဒေါ်လာ ၀.၂၈ မှတိုးတက်လာသည်)။
၇။ အိန္နိယ ဒေါ်လာ ၀.၆၀
၈. နိပေါ ဒေါ်လာ ၀.၄၅
၉။ မြန်မာ ဒေါ်လာ ??? (အိန္နိယထက်နိုမ့်သည်ဟုသတ်မှတ်ထားသည်)
၁၀။ ကမ္ဘောဒီယား ဒေါ်လာ ၀.၂၃
ယခုရန်ကုန်တက္ကသိုလ် ကျောင်းအဆောင်တွင်၊ တစ်ဦး တစ်လကျပ်၅သောင်းဖြင့် ကျွေးမည်ဆိုသဖြင့် ၊ တစ်ရက် ကျပ်၁၇၀ (0.17
dollar) ဖြစ်သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်၊ အရှေ့တီမော လူဦးရေတစ်ဝက် ဆင်းရဲမွဲတေနေကြသည်။ ယခု
ဤဆောင်းပါးဖတ်သူသည် အင်တာနက်၊ သတင်းစာ ဖတ်နိုင်သဖြင့် ဆင်းရဲမွဲတေသူမဟုတ်ပါ။
2/19/2014 Povertyof World Countries & Myanmar
http://mingalaronline.biz/stories/poverty.myanmar.htm 5/5
www.thepovertyline.net
http://thehearttruths.com/2013/10/25/26-of-singaporeans-live-below-poverty-line-in-singapore/
2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက
http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 1/5
ပွင်းလင်း၊ လွတ်လပ်စွာအခွန်ကောက်သည့်စနစ် အရေးတကြီးလိုအပ်နေသည်။
နိုင်ငံခြားမှမြန်မာနိုင်ငံသို့ အဘယ့်ကြောင့် လာရောက်ရင်းနှီးလိုပါသနည်း ..မေးခွန်းကိုတည့်တည့်ဖြေရလျှင်
၁။ အခွန်ရှောင်တိမ်းနိုင်သောကြောင့်ဖြစ်သည်။
၂။ ကျန်သည့် ပြည်တွင်းဈေးကွက်ကောင်းခြင်း၊ အလုပ်သမားခဈေးချိုခြင်း၊စသည့်အချက်များမှာ
လူကြားကောင်းရုံဖြစ်သည်။
အခွန်မည်ကဲ့သို့ ရှောင်နိုင်မည်နည်း ဆိုသည်ကိုကျွန်ုပ်တို့ နာမလည်နိုင်ပါ။ နိုင်ငံတကာတွင် ၄၅% အထိ
အခွန်ကောက်ပါသည်။ မပေးလျှင် အလွန်ပြင်းထန်သော ဥပဒေများရှိသည်။ လူမပြောနှင့်၊
ဧရာမကုမ္ပဏီကြီးများကိုပင် အစိုးရက တရားရုံးကြီးများတွင် တရားစွဲသောကြောင့် ဒေဝါလီ၊
လူမွဲဖြစ်သွားလေ့ရှိသဖြင့်၊ အခွန်မရှောင်ရဲကြပါ။ ထို့ကြောင့် မြန်မာပြည်ကဲ့သို့ ဥပဒေအားနဲသော နိုင်ငံတွင်
အခွန်ရှောင်၊ စီးပွားလာလုပ်ကြသည်။ တရုပ်၊ အိန္နိယ၊ ဗီယက်နမ်နိုင်ငံများတွင် အခွန်လျှော့ပေးသော SEZ
Special Economic Zone များဖြင့် ဥပဒေစိုးမိုးမှုစတင်ကြသည်။ မြန်မာပြည်တွင် SEZ မရှိသေး။
မြန်မာပြည်တွင် ကုမ္ပဏီကြီးများကိုအခွန်ကောက်ဖို့ မလုပ်ပဲ၊ တစ်လ တစ်သိန်း၂သောင်း လစာရှိသူကို
အခွန်ကောက်မည့် ဥပဒေပြဌာန်းနေပါသည်။ ကုမ္ပဏီကြီးများကိုအခွန်ကောက်နိုင်မှတရားမျှတသော
စီပွားယှဉ်ပြိုင်နိုင်မည်။ ကုမ္ပဏီအလတ်၊ အသေးများနှင့် ပြည်သူလူထုကိုအခွန်ကောက်ရန်
စောလွန်းသေးသည်။ "ယခုအခါ အမြတ်အစွန်းကိုအခွန်မကောက်သည့်အပြင်၊ အခွန်လွတ် ၃နှစ်၊ နှစ်များစွာ
ပေးခြင်း၊ ကုမ္ပဏီငွေစာရင်းကိုစစ်နိုင်လောက်သည့် အားကောင်းသည့် စာရင်းစစ်အဖွဲ့ မရှိခြင်း၊
စာရင်းစစ်များမှာ ငွေရှင်များ၏၊ ခါးပိုက်ထဲရောက်နေခြင်း.." စသည့်အားနည်းချက်များစွာ ရှိနေသည်။
အမေရိကန်နိုင်ငံမှာ အခွန်ကောက်နည်းစနစ်များဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကူညီမည်ကိုမြန်မာပြည်မှာ
စီးပွားရေးထိပ်တန်း၊ လက်ဝါးကြီးအုပ်သူများက စိုးရိမ်ကြပါသည်။ Eleven Media မှစကိုင်းနက်တီဗွီလုပ်ငန်းကို
အစိုးရ ၄%၊ ကုမ္ပဏီ၉၆%၊ ၃နှစ်အခွန်မပေးပဲ၊ ထုတ်ကုန်/သွင်းကုန် ခွင့်ပြုခြင်းကဲ့သို့ စာချုပ်များစွာ
2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက
http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 2/5
ရှိနေပါသည်။ ထိုကဲ့သို့ စီးပွားလုပ်ငန်းများသည် အမေရိကန် အခွန်စနစ်ကိုအလွန်ကြောက်ရွံ့မည်ဖြစ်သည်။
ဘာပဲဖြစ်ပါစေ.. ၃နှစ် စားသောက်၊ အမြတ်များစွာ ယူပြီးပါက တရားမျှတသော စာချုပ်များအဖြစ် ပြောင်းလဲ၊
အခွန်ကောက်ရမည်ဖြစ်သည်။
နိုင်ငံတကာတွင် စာရင်းစစ်အဖွဲ့သည် အလွန်အစွမ်းထက်သည်။ စာရင်းစစ်ချုပ်နှင့်အခွန်ဝန်ထမ်းများမှာ
အရေးကြီးဝန်ထမ်းများဖြစ်သည်။ ပြည်တွင်းရောက်နေပြီးသော ကုန်များကိုလိုက်ဖမ်းဆီးသော
မြန်မာပြည်မိုဘိုင်းအဖွဲ့ကဲ့သို့ မဟုတ်ပဲ၊ နယ်စပ်တွင် ပိုင်နိုင်စွာအခွန်ကောက်နိုင်မှဖြစ်မည်။ သင်္ဘောဆိပ်များ၊
လေဆိပ်များ၊ ဆိပ်ကမ်းပေါင်းများစွာတို့တွင် အခွန်ကောက်ခြင်းကိုစနစ်တကျ လုပ်ဆောင်ဖို့
သင့်နေပြီဖြစ်သည်။ နိုင်ငံတကာတွင် Tax per GDP 20% to 45% ရှိနေချိန်တွင် ၂၀၁၃
ဘတ်ဂျတ်ကြေငြာချက်အရာ မြန်မာအခွန်ကောက်မှုTax per GDP မှာ ၃နှစ်ကြာလဲ၊ ဘာမှမထူးခြား၊ ၂.၅%
မျှသာရှိနေဆဲဖြစ်သည်။ အစိုးရသစ်က အခြေခံအဆောက်ဦးလဲပြိုမှာကြောက်သဖြင့် ဖြေးဖြေးချင်း၊ နှေးကွေးစွာ
အခွန်ကောက်နေပုံရသည်။
ဘယ်လုပ်ငန်းများသည် အခွန်လွတ်နီးပါး၊ အလွန်ဆိုးဝါးနေသနည်း ကိုသာမန်လူပင်သိနိုင်ပါသည်။
ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ဆက်သွယ်ရေးမိုဘိုင်း၊ လောင်စာဆီ၊ သယံဇာတ၊ အရက်ဆေးလိပ်၊
ဆေးဝါးပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ၊ ဇိမ်ခံကားများ ..စသည်တို့ကိုအခွန်မှန်ကန်စွာ ကောက်နိုင်ဖို့လိုသည်။
စီးပွားလုပ်ငန်းများတွင် အိမ်ခြံမြေ၊ အရောင်းအဝယ်လုပ်ငန်းများသည် အခွန်ရှောင်ရာတွင်
အံ့သြဘွယ်ဖြစ်သည်။ အစိုးရ ဝင်ရောက်မကူညီခြင်းကြောင့် ဖြစ်သည်။ အစိုးရဝန်ထမ်းများက မတန်တဆ
ဈေးနှုန်းများကိုတားဖြစ်ဖို့လိုသည်။ Valuation လုပ်မှုတွင် ခြစားမှုအလွန်ကြီးမားလှသည်။
မည်သို့လုပ်ရမည်ကိုအစိုးရလူကြီးများ သိပါသည်။ အမေရိကန်အခွန်စနစ် (သို့မဟုတ်) ထိုင်း၊
ဗီယက်နမ်အခွန်ကောက်စနစ် မြန်မာနိုင်ငံတွင် ကျင့်သုံးလာမည့်အချိန်ကိုစောင့်နေဆဲဖြစ်သည်။
ဂျာမန်သမ္မတ မြန်မာနိုင်ငံလာရောက် အားပေးခြင်း
12-Feb-2014, RFA News
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဂျာမနီနိုင်ငံသမ္မတ မစ္မတာ ဂျိုဝါချင် ဂေါက်ခ် Mr. Joachim Gauck
မိန့်ခွန်းပြောကြားရာတွင် လူငယ်များ မိမိတို့တစ်ဦးချင်းစီပိုင်ဆိုင်တဲ့အင်အားကိုယုံကြည်ကြရန်၊ အာဏာ၊
ကြွယ်ဝမှုနဲ့အခွင့်ထူးခံစားခွင့်များကိုလက်မလွှတ်ချင်သူများ၏ အပြောင်းအလဲကိုတားဆီးမှုအသံများ
နားမယောင်ကြရန်၊ မိမိတို့တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကိုအသုံးချပြီး အမှောင်ထဲမှာ
ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့မြန်မာနိုင်ငံသားလူငယ်များကိုတိုက်တွန်းပြောကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမ၌ ပြောကြားခဲ့သောမိန့်ခွန်းတွင် နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့်
ဥပဒေပြုရေးအာဏာကိုလူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန်
မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဒီနေ့ရရှိထားသော အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ၏
2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက
http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 3/5
အကြောက်တရားကင်းကင်းစွာ ကြိုးပမ်းမှုမှ၊ ဒီမိုကရေစီအရေးကြိုးပမ်းမှုကိုချီးကျူးပြောဆိုခဲ့ပါသည်။
ရန်ကုန်တက္တသိုလ်သည် လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သော
သမိုင်းဝင်ကျောင်းဖြစ်သည်။ ဒီကျောင်းတွင် အခြေခံပြီးဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့အဲဒီ
အရေးတော်ပုံမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့သတ္တိကိုမမေ့သင့်ကြောင်းကိုလည်း
ထည့်သွင်းပြောကြားခဲ့ပါသည်။ ဂျာမနီသမ္မတဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု
လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးသန့်စီတွေ့ဆုံဆွေးနွေးခဲ့သည်။
ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံကိုဒုတိယမြောက်အကူအညီအများဆုံးပေးသော နိုင်ငံဖြစ်ပြီး
မြန်မာနိုင်ငံကပေးဖို့ကျန်နေသည့် အကြွေးယူရိုငွေ သန်း ၅၀၀ ဖြေလျှော့ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ သဘောတူခဲ့သည်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေး မြန် လွန်းတယ်လို့မဆိုနိုင်
ဟုဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck နေပြည်တော်၊ ပူးတွဲ
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို
အားရကျေနပ်စရာဖြစ်၍ ဂျာမနီနိုင်ငံကိုမြန်မာနိုင်ငံကပေးဖို့ရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း
၆၈၂ သန်းကိုဖြေလျှော့ပေးလိုက်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအပေါ် အကောင်းမြင်သင့်သည့် အကြောင်းပြချက်များလည်းရှိကြောင်း၊ ကချင်ပြည်နယ်တွင်
ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းချိန်မှစ၍ နိုင်ငံအနှံ့အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ
လုပ်ဆောင်ရန် အစပျိုးလာခဲ့ကြောင်း၊ စည်းလုံးညီညွတ်ရေးသည် တိုင်းရင်းသား လူနည်းစုများအတွက်သာ
မဟုတ်ဘဲ မြန်မာနိုင်ငံသားတိုင်းအတွက်ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နိုင်မှသာ
မြန်မာနိုင်ငံအနေဖြင့် ချမ်းသာကြွယ်ဝမည်ဖြစ်ကြောင်း Eleven Media တွင်ဖေါ်ပြထားသည်။
ဂျာမဏီသမ္မတ (၇၄နှစ်) သည် ကွန်မြူနစ်အရှေ့ဂျာမဏီမှလူ့အခွင့်အရေးလှုပ်ရှားသူ၊
ခရစ်ယာန်သင်းအုပ်ဆရာ Lutheran pastor ဖြစ်ခဲ့သည်။ ဂျာမဏီ၂နိုင်ငံပေါင်းစည်းရေးအတွက် ငြိမ်းချမ်းရေး၊
လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၂တွင် ဂျာမဏီနိုင်ငံ သမ္မတအဖြစ် တင်မြှောက်ခံရသည်။
ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်သလိုနေ့လည်ပိုင်း ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမမှာ မိန့်ခွန်းပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံသည် ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးမှုအများဆုံးနိုင်ငံဖြစ်သည်။
မြန်မာပြည်အခွန်ကောက်မှုအခက်အခဲများ
မြန်မာနိုင်ငံတွင် ဖမ်းဆီးမရနိုင်သော ရာထူးကြီး၊ စစ်ဗိုလ်ဟောင်းများ၊ စီးပွားလုပ်ငန်းရှင်များစွာ ရှိနေသည်။
တရားရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများတွင် အောက်ခြေမှ၊ ထိပ်ဆုံးအထိစာရိတ္တပြစ်မှုများစွာ
ရှိနေသည်။ ထိုသူများကိုအရေးယူဖို့ မပြောနှင့်၊ အနားပေးဖို့ပင် အင်မတန်ခက်ခဲနေပါသည်။ မကြာမီ
နိုင်ငံတကာမှမြန်မာကြွယ်ဝသူများနှင့်၊ ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုကိုစာရင်းကောက်နိုင်သော
2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက
http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 4/5
ပုဂ္ဂလိကအဖွဲ့အစည်းများ ရောက်လာမည်ဖြစ်သည်။ ရှောင်ပြေးလို့မရတော့ပဲ အခွန်ပေးရချိန်
နီးလာပြီဖြစ်သည်။ ယခုအချိန်မှာ သူဌေးကြီးများ အခွန်ရှောင်းနိုင်ဆဲဖြစ်ပါသည်။
လက်ရှိပြည်သူများဝင်ငွေကိုလုယူမည့်၊ စီးပွားရေးလုပ်ငန်းများမှာ မိုဘိုင်းဖုန်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားခ၊
လောင်စာဆီဈေး၊ ဌာနဆိုင်ရလိုင်စင်၊ပါမစ်ကြေးများစွာ တို့ဖြစ်သည်။ စားသောက်ကုန်၊ အဝတ်ထည်၊
လူသုံးကုန်၊ ဆေးဝါးပစ္စည်း ဈေးနှုန်းများ၊ တင့်သင့်မှုသည် နိုင်ငံခြားသွင်းကုန်များကို
မှန်ကန်စွာအခွန်ကောက်မှုအပေါ် မူတည်သည်။ ဥပမာ.. တရုပ်၊ ဗီယက်နမ် နိုင်ငံတွင် လယ်ယာသုံး၊ ကုန်ကြမ်း၊
စက်ကရိယာများကိုအစိုးရက ၄၀% အထိပံ့ပိုးပေးသောကြောင့်၊ ဆင်းရဲမွဲတေမှု
အလျှင်အမြန်ကျဆင်းလာခဲ့သည်။ လယ်ယာစီးပွားတွင် အခွန်လုံးဝမကောက်ပဲ၊ ပံ့ပိုးမှုပေးရမည်။ လောင်စာ၊
ဆက်သွယ်ရေး၊ ဇိမ်ခံပစ္စည်းများကိုအခွန်မှန်ကန်စွာ ကောက်နိုင်ရမည်။
ခရိုနီများ တင်သွင်းလာသော ကွန်တိန်နာများ၊ ကုန်ကားကြီးများကိုX-ray ဖြင့် ရိုက်ပြီး၊ ဇိမ်ခံပစ္စည်းများ
ပါမလာရေး၊ အရက်၊ဆေးလိပ်၊ ဆေးဝါးများ Drug ကန့်သတ်ကုန်များးကိုတင်းကြပ်စွာ စစ်ဆေး၊
အခွန်ကောက်ရပါမည်။ X-ray တန်ဖိုးမကြီးသော်လည်း မတပ်ဆင်သေးပါ။ တားမြစ်ပစ္စည်းများ
တင်သွင်းလာပါက သိမ်းဆည်းပြီး၊ ပစ္စည်းတန်ဖိုး၏ ၂ဆ၊ စသဖြင့် ဒဏ်တပ်ရမည်။ မြန်မာနိုင်ငံတွင်း
စားသောက်ကုန်ချောများ တင်သွင်းခြင်းကိုပြင်းထန်စွာ အခွန်မကောက်လျှင် ပြည်တွင်းထတု ကုန်ချောများကို
ကာကွယ်ပေးရပါမည်။ အလားတူဆေးဝါးများကိုလည်း ပြည်တွင်းထုတ် ဆေးဝါးများကိုဦးစားပေးရမည်။
စားသောက်ကုန်၊ ဆေးဝါးများ၊ လူသုံးကုန်၊အဝတ်အစားများတွင် ပြည်တွင်းထုတ်များကိုဦးစားပေးရန်၊
ပြည်ပတင်သွင်းမှုများကိုအခွန်မှန်ကန်စွာ ကောက်ရမည်ဖြစ်သည်။ ကန့်သတ် သွင်း/ထုတ် ကုန်များလည်း
ရှိသေးသည်။
ဒါတွေမြန်မာအစိုးရသိပါသည်
အခွန်စနစ်ကိုစင်ကာပူနိုင်ငံတွင် ဒီလိုကောက်ပါသည်။ မြန်မာပြည်တွင် ဒါမျိုးဖြစ်နေပါသည်..ဟု
သုတေသနလုပ်လဲ မလုပ်လိုတော့ပါ။ အထက်ပါ အခွန်ကောက် အခက်ခဲများကိုဖြေရှင်းနည်း အစိုးရက
သိပါသည်။ တကယ်တန်း အကောင်းထည်ဖေါ်ရန် စာရိတ္တပိုင်းဆိုင်ရာ၊ ပြဿနာကြီးမှာ
အမြစ်တွယ်လျှက်ရှိသည်။ "ဂျာမဏီသမ္မတကြီး မြန်မာနိုင်ငံအထိလာရောက်ပြီး မိန့်ခွန်းပြောသည့်အတိုင်း
အာဏာ၊ ကြွယ်ဝမှုနဲ့အခွင့်ထူးခံစားခွင့်များကိုလက်မလွှတ်ချင်သူများ ပြသနာဖြစ်သည်။ " မြန်မာနိုင်ငံတွင်
အစိုးရ၊ တရားရေးနှင့်ရဲဝန်ထမ်းများ မှန်ကန်စွာ အလုပ်လုပ်ရန်၊ အခြေခံဥပဒေကိုပြင်ဆင်ရမည်ဟုဆိုသည်။
ပြည်တဲရေးဝန်ကြီးနှင့်၊ အထွေထွေအုပ်ချုပ်ရေးဌာနသည် အခြေခံဥပဒေအရ၊ ဗဟိုချုပ်ကိုင်ထားပြီး၊
စစ်တပ်မှအရာရှိများ၊ အရာရှိဟောင်းများက ကိုင်တွယ်ထားဆဲဖြစ်ပြီး၊ ဒေသလွှတ်တော်များ အာဏာခွဲဝေမှု
ဥပဒေအခက်ခဲ ရှိနေသည်။
မည်သို့ပင်ဖြစ်စေ၊ နိုင်ငံခြားမှာ လာမည့်ရင်းနှီးမြှတ်နှံမှုများသည် အခွန်၄၅% မပေးရသည့်အပြင်၊
အမြတ်ငွေများကိုထုတ်ယူသွားခွင့် လွန်ကဲစွာရရှိထားသောကြောင့်၊ အခွန်ဥပဒေကို
2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက
http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 5/5
မြန်မာအစိုးရနှင့်လျှို့ဝှက်စွာ ချုပ်ဆိုထားသော တရုပ်နိုင်ငံမှကုမ္ပဏီကြီးများစွာ၊
ဆက်လက်လုပ်ကိုင်စားနေဦးမည်ဖြစ်သည်။ အချို့လုပ်ငန်းများမှာ အနှစ်၆၀၊ အနှစ်၉၀ စသဖြင့် အံ့သြစရာ
စာချုပ်များကိုချုပ်ဆိုကြခြင်းကိုပွင့်လင်းစွာ ဖေါ်ထုတ်နိုင်ဖို့ အချိန်တန်ပြီဖြစ်သည်။
သို့မှသာ ပွင့်လင်းစွာအခွန်ကောက်သည့် စနစ်တစ်ခုအမြန်ဆုံးပေါ်လာပြီး၊ ဂျပန်၊ ဂျာမဏီ
ရင်းနှီးမြှတ်နှံမှုစာချုပ်များစွာ ရောက်ရှိလာမှမြန်မာနိုင်ငံတိုးတက်ရေး မြန်လာပါမည်။
ဂျပန်နှင့်ဂျာမဏီ၂နိုင်ငံတို့ မြန်မာနိုင်ငံအတွက် အကြွေးလျှော်ပေးမှု၊ မှန်ကန်သောရင်းနှီးမြှတ်နှံမှုများကို
ကြိုဆိုပါသည်။ ဇော်အောင်
2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း
http://mingalaronline.biz/stories/tax.in.developing.countries.htm 1/3
လွတ်တော်ဥက္ကဌကြီးကအခြေခံဥပဒေနဲ့အာဏာရှင်ဟောင်းတွေ ကာကွယ်ရတာပါ ဟုဝန်ခံလိုက်ပြီ။
အစိုးရဟူသည်မှာ ကမ္ဘာအချမ်းသာဆုံး အဖွဲ့အစည်းဖြစ်သည်။ တရားမျှတစွာဖြင့်
လုပ်ဆောင်သောကုမ္ပဏီများကိုWorld Bank, IMF ကဲ့သို့ အဖွဲ့အစည်းများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ဆင်းရဲမွဲတေမှုကိုနည်းပါးအောင် ဆောင်ရွက်နေကြရသည်။
ဥပမာ ..
- တရုပ်ကုမ္ပဏီများကို၊ တရုပ်ဘဏ်များက တစ်နှစ် ၃၅% ဖြင့် ငွေချေးကာ မြန်မာပြည် ဝိသမစီးပွားရေးများ
လုပ်ကြသည်။
- အမေရိကန် World Bank က တစ်နှစ် ၁၇% ရာနှုန်းဖြင့် လာဘ်စားမှုနဲပါးမည့် စီးပွားရေးများ လုပ်ကြသည်။
- အမေရိကန်နည်းတူ၊ EU မှIMF, ဂျပန်မှJICA, ဂျာမဏီမှGIZ, အစ္စလမ်နိုင်ငံများမှIDB စသည်တို့ကလဲ
၎င်းတို့ဘဏ်များမှ၁၇% ချေးငွေဖြင့် စီးပွားရေးလုပ်ကြသည်။
- တစ်နိုင်ငံမှတစ်နိုင်ငံ ချေးငွေ ၇% နှစ်ရှည်ချေးရာတွင်၊ ချေးငွေအားလုံး၏ ၁၀% အထက်မှာ
အစိုးရအရာရှိများ အိပ်ထောင်ထဲသို့ ရောက်သွားသည်။
- အစိုးရများသည် အချမ်းသာဆုံး ဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုအသေအလဲ
လုနေကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂နှစ်အစိုးရသက်တမ်းမှအစိုးရအာဏာရှိသူများ ခပ်ပြောင်ပြောင်၊ အခွန်ပေးရမည့်အစား
2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း
http://mingalaronline.biz/stories/tax.in.developing.countries.htm 2/3
အာဏာပိုင်နှင့်ကုမ္ပဏီတို့ မျှစားခြင်း (Corruption) ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နေကြပါသည်။
ဘယ်တိုင်တိုင် မရပါ။ ရာထူးမှအနားယူပြီး ခပ်ပြောင်ပြောင် နေထိုင်ရုံသာ ရှိပါသည်။ ဥပမာ .. ယခင်
အစိုးရအာဏာကြီးခဲ့သူဦးအောင်သောင်း ကဲ့သို့ ခပ်ပြောင်ပြောင်ပဲ လွှတ်တော်တွင် နေထိုင်ပြီး၊
ပွင့်လင်းစွာပြောတတ် ဆိုတတ်ရမည်ဖြစ်သည်။ အချို့ စကားပြောအကျင့်ပါနေသူဝန်ကြီးများ အပြောမတတ်၍
အရှက်ရသည်။ အလုပ်ပြုတ်သွားလဲ သူတို့မှာ အရေးယူမခံရသော လက်ရှိမြန်မာနိုင်ငံ ပွင့်လင်းမြင်သာသော
စနစ်ဖြစ်နေပါသည်။
ကုမ္ပဏီကြီးများသည် အခွန်မပေးပဲ နေမည်။ အစိုးရကလဲ သူဌေးကုမ္ပဏီကြီးများထံမှနည်းမျိုးစုံဖြင့်
အခွန်တောင်းမည်။ အစိုးရလူကြီးမင်းများအတွက် အာဏာသုံးပြီး၊ ကုမ္ပဏီများ ပေးသော လက်ဆောင်ငွေကို
ယူသောသူ၊ အလုပ်ပြုတ်သွားမည်။ တရားစွဲမခံရသေး။ ကုမ္ပဏီများနှင့် ပေါင်းပြီး အာဏာပိုင်ဆွေမျိုးများ
စီးပွားရေးလုပ်နိုင်သော အာဏာပိုင်များ ကျိကျိတက် ချမ်းသာလာမည်။
ထိုသို့ ပွင့်လင်းမြင်သာစွာ အသွင်ကူးပြောင်းရေး အုပ်ချုပ်နည်းကိုပင် မြန်မာ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက
အခြေခံဥပဒေဖြင့် ကာကွယ်ပေးထားရပါကြောင်း ဝန်ခံပြောကြားသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း
နိုင်ငံများလိုအာဏာအတွက် တိုက်ခိုက်၊ ဒုက္ခရောက် မဖြစ်အောင်လုပ်ထားခြင်းပါ ..ဟုဇန္နဝါရီလ ၂၀၁၄
လူထုအစည်းဝေးတွင် ပြောကြားသွားပါသည်။
လူသားအားလုံးသည် လူလူခြင်း ခေါင်းပုံဖြတ်ခြင်းကိုရွံ့မုန်းသဖြင့် ငတက်ပြားကဲ့သို့ လူချမ်းသာများကို
ဓါးပြတိုက်၊ ဆင်းရဲသားများအား ဝေငှပေးသည့် စိတ်ထားများ ရှိကြပေသည်။ ခေတ်သစ် ငတတ်ပြားများမှာ
လူချမ်းသာ (အစိုးရ) ထံမှဓါးပြတိုက် (အခွန်မပေးပဲ) ဆင်းရဲသားများကိုအလုပ်အကိုင် ရှာဖွေပေးနေကြသည်။
အစိုးရကလည်း ထိုချမ်းသာကြွယ်ဝလာသူ(ခရိုနီများ) အား အခွန်မကောက်နိုင်ပါ။ ခရိုနီနှင့် နိုင်ငံခြား
တရုပ်ကုမ္ပဏီများသည် အခွန်ဥပဒေကိုအရည်ကြိုသောက်နိုင်သည်။
နောက်ဆုံးတော့ ..
အစိုးရကလည်း အခွန်ငွေများများရရန် ကုမ္ပဏီအလုပ်ရပြီး၊ ပျော်နေသည့် ပြည်သူလူထုထံမှ
အခွန်ကောက်ရပါတော့သည်။
ရန်ကုန်၊ ဇန်နဝါရီ၃၁
တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ်
ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည်
ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှစုံစမ်းသိရှိရသည်။ အိမ်ထောင်သည်များက တစ်လလျှင် ကျပ်
၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ(လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော်
ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။
“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့
ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။
2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း
http://mingalaronline.biz/stories/tax.in.developing.countries.htm 3/3
ဆင်းရဲမွဲတေမှုများက မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ..။
ဇာနီကြီး
2/19/2014 စငာပန◌ိငံရဲ့Tax% of GDP
http://mingalaronline.biz/stories/tax.collection.htm 1/5
အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း
စင်ကာပူနိုင်ငံရဲ့Tax % of GDP
အဲဒီစာရင်းမှာ ၂၀၁၂ စင်ကာပူက ၁၄.၂% အခွန်ကောက်လို့ရတယ်။ ၂၀၁၃မှာ ၅၅ဘီလျံ အကောက်ခွန်ရမယ်
မှန်းထားတယ်။ အခွန်ကိုမလွတ်တန်းကောက်ပါမှအဲဒီငွေနဲ့ နိုင်ငံတော်တည်ဆောက်ရပါမယ်။
အခွန်ဘယ်နေရာတွေက ရသလဲ ? အစိုးရ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သာစွာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။
အောက်က ပုံကြည့်လိုက်တာနဲ့ အခွန် အများဆုံးရငွေများကိုမြင်နိုင်ပါတယ်။
1. Corporate Income Tax
2. Personal Income Tax
3. Goods and Services Tax
4. Statutory Board Contributions
5. Assets Tax (property)
အဲဒီ၅ခုက ပေါင်းရင် ၈၀%လောက် ၀င်ငွေရပါတယ်။ ၂၀၁၂မှာ ဘီလျံ ၅၅ (ဒေါ်လာသန်းပေါင်း ၅၅၀၀၀)။
ရမဲ့အခွန်ကိုလွတ်မသွားအောင် စနစ်တကျ ကောက်ပါတယ်။ ရှောင်လို့မရပါ။ ရှောင်လို့ မိသွားရင်တော့
ဒဏ်ငွေမနည်းလှပါ။
အခြားနိုင်ငံများလည်း စင်ကာပူနိုင်ငံလိုပဲ အခွန်ကိုစနစ်တကျကောက်ပါတယ်။ တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊
ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များဟာ အခွန်ကောက်ရငွေ ဘက်ဂျတ်ပေါ်မူတည်ပြီး သုံးစွဲရတော့
အခွန်ကောက်ခြင်းမှာ ခြစားမှုမရှိဘို့ အထူးအရေးကြီးလှပါတယ်။
2/19/2014 စငာပန◌ိငံရဲ့Tax% of GDP
http://mingalaronline.biz/stories/tax.collection.htm 2/5
မြန်မာနိုင်ငံရဲ့Tax Income
စစ်အစိုးရခေတ်တုံးကတော့ ကြိုက်သလိုအတွင်းကြိတ်ပြီးလုပ်နေကြတော့၊ ဘာမှမမြင်ရဘူး။ မြင်တဲ့လူလဲ
မပြောရဲဘူး။ ပြောရင် ဆွဲစိခံသွားရမှာကိုး။ အခုတော့ လူအများလည်း ပွင့်လင်းလာပြီဆိုတော့
အစိုးရခေါင်းဆောင်ပိုင်းလည်း အမှန်အတိုင်းလုပ်ဖို့ အားပေးခံရတယ်။ စင်ကာပူမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်စဉ်
ခြစားမှုတွေကိုကြားသိ၊တွေ့မြင်ရပေမဲ့ အောက်ခြေအထိမရောက်ပါဘူး။ ခြစားမှုနည်းပါးလှပါတယ်။
မြန်မာနိုင်ငံမှာတော့ များပြားလှတဲ့ခြစားမှုကိုလက်ဆောင်ကြိုက်တဲ့နိုင်ငံလို့ လှလှပပပဲ အမည်ပေးလိုက်ချင်ပါတယ်။
ဝီကီမှာ ကမ္ဘာ့နိုင်ငံများ Tax % of GDP ကိုကြည့်မိတယ်။
http://en.wikipedia.org/wiki/List_of_countries_by_tax_revenue_as_percentage_of_GDP
ကောက်နုတ်ချက်ကတော့ တိုးတက်တဲ့နိုင်ငံများမှာ အခွန်% က ၄၀ရာနှုံးကျော် ကောက်တယ်။ နော်ဝေး၊ ဒိန်းမတ်၊
ဆွီဒင်၊ ဂျာမဏီစတဲ့နိုင်ငံတွေပါ။ အမေရိကန်၊ တောင်ကိုးရီးယား ၂၆%၊ ဂျပန် ၂၈% အခွန်ကောက်နိုင်ပါတယ်။
အိန္နိယ ၁၇.၇%၊ တရုပ်၊ထိုင်းနိုင်ငံ ၁၇%၊ မလေးရှား ၁၅.၅%၊ စင်ကာပူ၁၄.၂%၊ ဗီယက်နမ် ၁၃.၈%
တို့ရှိကြပါတယ်။ မြန်မာနိုင်ငံကတော့ ၄.၅% နဲ့ သူအောက်က ရေနံသူဌေးနိုင်ငံလေးတွေပဲကျန်တော့တယ်။
ဘာကြောင့် ကမ္ဘာ့အနည်းဆုံး အခွန် % of GDP ဖြစ်နေရပါသလဲ။
အဖြေ။ ခြစားလွန်းလို့ပါ။
ဘယ်နေရာမှာ ခြစားနေကြသလဲ ဆန်းစစ်ကြည့်မယ်ဆိုရင် အထက်က စင်ကာပူအခွန်အများဆုံးကောက်ရတဲ့
ကဏ္ဍကြီး၅ခုကိုပဲ ကြည့်ပါမယ်။
2/19/2014 စငာပန◌ိငံရဲ့Tax% of GDP
http://mingalaronline.biz/stories/tax.collection.htm 3/5
1. Corporate Income Tax ကုမ္ပဏီအမြက်ခွန်
ကုမ္ပဏီဆိုတာ ၃နှစ်ဆက်တိုက်ရှုံးလို့ ဆက်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ အမြက်ရှိရမယ်။ အမြက်မရှိဘူး
မညာနိုင်အောင် အစိုးရစာရင်းစစ်တွေနဲ့ စစ်ဆေးရပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီအမြက်ခွန်ကိုရှောင်လို့မရပါဘူး။
အခွန်ဌာနအနေနဲ့ သေချာစွာစာရင်းဝင်စစ်ရင် အခွန်အများကြီးရမှာပါ။
2. Personal Income Tax တစ်ဦးချင်းအခွန်
သူဌေးတွေကိုအခွန်ကောက်ရပါမယ်။ သူဌေးက အခွန်ရှောင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ။
သာမန်လခစားများကိုတော့ နဲနဲပဲကောက်ပါမယ်။ ဥပမာ အစိုးရဘဏ် DBS အကြီးအကဲ Mr. Gupta ၂၀၁၂မှာ
ဝင်ငွေ ဒေါ်လာ၉သန်း ရရှိသွားတယ် ဆိုပေမဲ့၊ အခွန်က အနဲ့ဆုံး ၃၀% ဆိုတော့ ဒေါ်လာ၃သန်းလောက်
အခွန်ပေးရပါတယ်။ ၀င်ငွေ တစ်နှစ်ဒေါ်လာ တစ်သိန်းကျော်ရင် ၁၀% အထက် အခွန်ကောက်ပါတယ်။
ကုန်ရောင်းကုန်ဝယ် လုပ်စားသူတွေတော့ အခွန်လွတ်အောင် ရှောင်နိုင်ပေမဲ့၊ အကြီးစား သူဌေးတွေတော့
မရှောင်နိုင်ပါဘူး။ မြန်မာပြည်ကတော့ တစ်ဦးချင်းအခွန်ကောက်ဖို့ ခက်နေပါတယ်။ (တလ ၁သိန်း၊ ၂သိန်း
လခစားအဆင့်ကိုအခွန်လိုက်ကောက်တဲ့ ဆင်းရဲသားလယ်ပင်းညစ်အလုပ်မျိုး သမ္မတဦးသိန်းစိန်အစိုးရ
မလုပ်ပါစေနဲ့ဆုတောင်းပါတယ်)။
3. Goods and Services Tax
အရောင်းအ၀ယ်လုပ်တဲ့နေရာမှာ အစိုးရအခွန်ကောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံ သွင်းကုန်၊ ထုတ်ကုန်များ တန်ဖိုးကို
% အလိုက် အခွန်ကောက်ပါတယ်။ ဇိမ်ခံကား သွင်းလာရင် ၃၀၀%၊ ဆေးလိပ်၊အရက်ဆိုရင် ၁၀၀၀% စသဖြင့်
အခွန်ကောက်ခြင်းဖြစ်ပါတယ်။ နယ်စပ်နဲ့သင်္ဘောဆိပ်ကမ်း၊ လေဆိပ်တွေမှာ သေချာစွာကောက်နိုင်ပါတယ်။
မြန်မာပြည်အတွက်တော့ နယ်စပ်ကုန်သွယ်ရေးက အကြီးမားဆုံးဖြစ်တဲ့အတွက် တရုပ်၊ ထိုင်း၊ အိန္နိယ နယ်စပ်များက
အခွန်လွတ်ဝင်လာတဲ့ တရားမ၀င်ကုန်တွေကိုအခွန်လိုက်ကောက်တဲ့ အဖွဲ့ ၂၀၁၂ မှာ အရေးပေါ်ဖွဲ့ရပါတယ်။
အဲဒီအဖွဲ့က အလွန်ခြစားလို့ကောင်းတဲ့အဖွဲ့လို့ ဆိုပါတယ်။
4. Statutory Board Contributions
ပါမစ်နဲ့စာရွက်စာတမ်းကြေးများဖြစ်ပါတယ်။ အခွင့်မရှိပဲ မလုပ်ရ၊ လုပ်ချင်ရင် ပါမစ်ဖိုး အစိုးရက ကောက်ပါတယ်။
အလွန်များပြားစွာ ရရှိတဲ့ ဌာနဖြစ်ပါတယ်။ စင်ကာပူမှာ အစိုးရဘုတ်အဖွဲ့ပေါင်း ၆၆ခုရှိပါတယ်။ ၀င်ငွေကောင်းတဲ့
ဘုတ်အဖွဲ့တွေကတော့ အိုးအိမ် HDB, JTC, EDB, Accounting, CPF စတဲ့အဖွဲ့အစည်းများဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းက အများဆုံးလုပ်နေတော့ ဟော်တယ်၊ ကွန်ဒို၊ ရှော့ပင်စင်တာတခု
ဆောက်ရင် ပါမစ်ဖိုး အစိုးရကမရပဲ ခြစားဝန်ထမ်းများကိုပေးနေရပါတယ်။
5. Assets Tax (property)
အဆောက်အဦး၊ စက်ရုံပိုင်ဆိုင်မှုအခွန်ကလည်း မနည်းလှပါဘူး။ ပေးရတာက တန်ဖိုးရဲ့ ၁%တောင်မရှိပါဘူး။
ဒါပေမဲ့ စင်ကာပူလိုနိုင်ငံမှာ ပိုင်ဆိုင်မှုတန်ဖိုးတွေက အလွန်ဈေးကြီးပါတယ်။ မြန်မာများရဲ့ ပင်နီစူလာပလာစာ
အဆောက်အဦးဆိုဒေါ်လာသန်း၁၀၀၀ မက တန်ဖိုးရှိတော့၊ ဆိုင်ခန်းပိုင်ရှင်အားလုံး စုပေါင်းရင် တစ်နှစ်ကို
၁၀သန်းမက ပေးရတယ်။ မြန်မာပြည်မှာတော့ ပိုင်ဆိုင်မှုဥပဒေက ရှိပေမဲ့ တိုက်တာ၊အဆောက်ဦး၊ စက်ရုံတွေရဲ့
တန်ဖိုးအမှန် ဘယ်လောက်လဲ မသိ၊ ရာဖြက်နဲ့ပဲ ဈေးဖြက်နေတော့ ရာဖြတ်နဲ့ပေါင်းပြီး
2/19/2014 စငာပန◌ိငံရဲ့Tax% of GDP
http://mingalaronline.biz/stories/tax.collection.htm 4/5
ခြစားလို့ကောင်းနေဆဲဖြစ်ပါတယ်။
တခြားအခွန်အမျိုးစား အများကြီးရှိပါတယ်။ Stamp Duty ရောင်းခွန်၊ ၀ယ်ခွန်၊ မော်တော်ကားခွန်၊ ကာစီနို၊
ထီဖွင့်အခွန် .. စသဖြင့်အများကြီးပါပဲ။ စင်ကာပူအစိုးရအခွန်ရဲ့ ၂၀%လောက်ပဲ ဆိုတော့ မရေးတော့ပါဘူး။
မြန်မာပြည်အခြေအနေ
အခုတစ်နှစ်အတွင်း ချက်ခြင်းလက်ငင်း ၄.၅% အခွန်ရရှိတဲ့နေရာကနေ ၂ဆတိုး ၉% ရအောင် မဖြစ်နိုင်ပါဘူး။
နိုင်ငံခြားက အခွန်ကောက်နည်းစနစ်များကိုလေ့လာ၊သင်ကြား၊ကျင့်သုံးရပါဦးမယ်။ ၃နှစ်လောက်ကြာရင် အခွန်၂ဆ
ကောက်နိုင်လာပါမယ်။ မြန်မာပြည်က GDP 55 billion usd, 4.5 % = 2.5 billion usd ပဲရရှိပါမယ်။ သို့သော်
Eleven Media , April News သတင်းအရ ၂၀၁၂က နယ်စပ် တရားမ၀င်ကုန်များကိုအခွန်လိုက်ကောက်တာ 4
billion usd နီးပါးရတယ်ဆိုတာကြောင့် တိုးတက်လာပြီလို့ ပြောနိုင်ပါတယ်။
ခြစားမှုကိုသမ္မတဦးသိန်းစိန်နှင့်နီးစပ်သူယခင်စီမံဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းဦးစီး စစ်ဆေးနေတယ်လို့
Larry Jagan's April 2013 ဆောင်းပါးမှာ အောက်ပါအတိုင်းရေးထားပါတယ်။
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။
ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခုသူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟုဆိုသည်။
ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူဦးသိန်းဇော် (ယခုကချင်ပြည်နယ်ဝန်ကြီး) လည်းစစ်ဆေးခံရသည်ဟုဆိုသည်။
ထိပ်ပိုင်း လူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခံထားရသည်။ တရုပ်ကုမ္ပဏီ
Huawei and ZTE တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။
၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး
ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည်။
ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စုအီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိဦးခင်ကိုလေးသည်
ချက်ချင်းတာဝန်မှရပ်နားခံရသည်။ ယခုငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ်
ဖြက်သိမ်းခံရပြီး တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟုသိရသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုစစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့်
ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။
အဆင့်မြင့်ဝန်ထမ်းများ ၄၀ခန့်နေရာပြောင်းပြီး ၆ဦးကိုအငြိမ်းစားပေးလိုက်တယ်လို့ အစိုးရသတင်းဌာမှ
အောက်ပါအတိုင်းထုတ်ပြန်ပါတယ်။
အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ
မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှကုန်သွယ်မှုညွှန်ကြားမှုဦးစီး
ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊
အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု
အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန
2/19/2014 စငာပန◌ိငံရဲ့Tax% of GDP
http://mingalaronline.biz/stories/tax.collection.htm 5/5
လက်အောက်ရှိရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
အစိုးရအရာရှိ၄၀ ကိုဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
နိဂုံး
အခွန်အမှန်ကန် ကောက်နိုင်မှရတဲ့ငွေကြေးများကိုပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ အသုံးချရင်း
ဆင်းရဲမွဲတေမှုများက လွတ်မြောက်လာနိုင်မယ်ဖြစ်ပါတယ်။
အခွန်ကောက်စနစ်ကိုအမြန်ဆုံးပြုပြင်တဲ့နည်းတူ.. အခွန်ကောက်ရငွေကိုခြစားအနည်းဆုံးဖြစ်အောင် သုံးစွဲတဲ့
ဝန်ကြီးဌာနပေါင်း ၃၀ကျော်အတွက်လည်း ပြုပြင်ပြောင်းလဲမှုလုပ်ရပါဦးမယ်။ တရုပ်ပြည်မှာတော့
သေဒဏ်ပေးတာတောင် မိရင်အသေခံမယ် ဆိုပြီး ခြစားနေသူများ ရှိပါတယ်။ မြန်မာပြည်မှာလည်း
ဟေ့ကောင်..ရပ်တော့..လို့ အော်ပြောနေလဲ၊ အလွန်ဆုံး စစ်ဆေးခံရပြီး၊ အငြိမ်းစားပေးခံရတာလောက်ပဲ ဆိုတော့၊
ခြစားမှုရပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဆင့်မြင့်အရာရှိများ ခြစားမှုရပ်တန်းက မရပ်ရင်တော့ သမ္မတအကြံပေး
ဒေါက်တာဦးမြင့် ရဲ့ စာတန်းအရ Fry a big fish ဆိုတဲ့ တရုပ်ပြည်နည်းလမ်း၊ ကျင့်သုံးဖို့ နီးပါပြီ။ ခြစားသူတွေ
ပိုင်ဆိုင်ထားတဲ့ ခြံမြေ၊လယ်မြေ၊ စက်ရုံတွေ လိုက်သိမ်း၊ ခြစားသူများရဲ့ နိုင်ငံခြားဘဏ်စာရင်းကိုလိုက်သိမ်း ..ဆိုရင်
တော်တော်ရှုပ်လာတော့မယ်။
ဟူး... သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် ... မလွယ်ပါဘူး။
ဥပဒေစိုးမိုးဖို့ ခြကြီးများကိုအရင်ရှင်းထုတ်နိုင်ပါစေ...။
ဝတ်မှုန် ၉-ဧပြီ-၂၀၁၃
2/19/2014 ◌ျခစားမႈတိက်က္ေ◌ရး သမၼတအၾကံေ◌ပး
http://mingalaronline.biz/stories/tax.and.budget.for.clean.government.htm 1/6
ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) နှင့်ပညာရေး
သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏ Corruption Paper စာတန်းမှာ ခေါင်မိုးမှစတင်တိုက်ဖျက်၊ Fry a big
fish ဟုရေးထားပါသည်။ ၂နှစ်ကြာခဲ့ပါပြီ။ ယခု၂၀၁၃ တွင် တော်တော်လေး အောင်မြင်လာတာ
တွေ့ရပါသည်။ အခွန်ကောက်စနစ်မှာ ခြစားမှု၈၀% ပြည်ပအ၀င်အထွက်ဂိတ်များနဲ့ကုမ္ပဏီကြီး ၅၀၀ ခန့်ကို
ပရိုဖက်ရှင်နယ် Audit များနှင့်ရအောင် အခွန်ကောက်ရန်၊ အခွန်ရှောင်ပါက ကြီးမားသော
ဒဏ်ငွေဆောင်စေရန် ဖြစ်သည်။ ကုမ္ပဏီတိုင်းကိုစပါယ်ရှယ် စာရင်းစစ်အဖွဲ့မလိုပါ။ Asia World
လိုမျိုးကုမ္ပဏီကိုအထူး စာရင်းစစ်ရမည်ဖြစ်သည်။ အခွန်ကောက်မှုကိုစနစ်တကျဆောင်ရွက်ခြင်း
အရှိန်ရလာပါသည်။ လူကောင်းများကိုခန့်ပြီး၊ လေ့ကျင့်ထားနိုင်ဖို့နှစ်နဲ့ချီပြီးလုပ်ရပါသည်။ မလွယ်ပါ။ (June
2013 removed many corrupted officers from Ygn & Mdy tax departments)
အခွန်ပြီးရင် ဒုတိယအနေနဲ့အခွန်ငွေသုံးစွဲမဲ့ဌာနကြီးတွေမှာ ခြစားမှုနည်းအောင်လုပ်ရပါမယ်။
အခွန်သုံးဌာနများက ၀န်ကြီးဌာနအားလုံးပါ။ သို့သော် ခြစားမှုစနစ်ကိုတိုက်ဖြက်ဖို့ဆိုရင် လူများများ
(၀န်ထမ်းများများ) ရှိတဲ့ ၀န်ကြီးဌာနတွေကိုဦးစားပေးရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (စစ်သည် ၄သိန်း)၊
ပညာရေးဝန်ကြီးဌာန (ဆရာ/မ) ၃သိန်း၂သောင်း၊ ကျန်းမာရေး ဆရာ/မ - ၅သောင်း (ပုဂ္ဂလိကဆေးရုံ၊ သ/မ
ဆေးခန်းများပေါင်းလျှင် တစ်သိန်းခွဲခန့်ရှိနိုင်မည်)။ ထိုလူများအတွက် အခြေခံစားဝတ်နေရေးအတွက်
ဘတ်ဂျတ်မြှင့်တင်ပေးရပါမည်။
ငွေပေးနည်း (လစာတိုးပေးနည်း) မထိရောက်ပါ။
အစိုးရ၀န်ထမ်းများကိုအခြေခံစားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးခြင်းသည်၊
ခြစားမှုတိုက်ဖြတ်ခြင်းဖြစ်သည်။ အစိုရအရာရှိကြီး အများစုသည် ခြအကြီးစားကြီးများဖြစ်သည်။
ထိုခြအကြီးစားကြီးများ၊ ရပ်တန်းက မရပ်ပဲ ဆက်လက်ကျူးလွန်နေသူများကိုတာဝန်မှဖယ်ရှားရုံမက၊
အရေးယူပြီး၊ သူတို့ပိုင်ဆိုင်မှုများကိုသိမ်းဆည်းနေပါသည်။ ဥပမာ..ဆက်သွယ်ရေးဝန်ကြီးဌာန၊
အကောက်ခွန်ဝန်ကြီးဌာန....။
မြန်မာပြည်ရောက်သွားပြီး အခြေခံလူတန်းစားတွေကိုလေ့လာရုံမက၊ စာလည်းရေးနိုင်သော အင်္ဂလန်မှ
ဒေါ်ခင်မမမျိုး မြန်မာပြည်၊ ကလေးသူငယ်များ၊ ကျောင်းမတတ်နိုင်၊ လဘက်ရည်ဆိုင်း တလ
ကျပ်၂သောင်းဖြင့် အလုပ်လုပ်ရင်း ပညာသင်သော၊ ပြင်ပကျောင်းကိုရန်ကုန်တွင်လေ့လာပြီး၊ ရွံနွံထဲသွားရင်း
လဲကျ၊ တကိုယ်လုံးနာ၊ ရင်နင့်ဘွယ်ရကိုမြင်ရပြီး၊ ရင်နာစွာ ရေးထားသော ဆောင်းပါးကိုဖတ်ရသည်။
လေးစားပါသည်။ ကျေးဇူးတင်ပါသည်။ မကြာခင်မှာ မြန်မာကလေးများကိုမူလတန်းမှစပြီး
ပြည်သူနီတိဘာသာရပ်ကိုသင်ကြားတော့မည်ဖြစ်သည်။ ပညာရေးစနစ်သစ် ပြည်သူနီတိကို
လူမူရေးစံနမူနာပြသူများ Role Model များက အချိန်ပိုင်းသင်ကြားပေးရန်ဖြစ်သည်။
ခရိုနီ၊မိုနိုပိုလီအစိုးရ
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p
Tax.poverty of world countries & myanmar.42p

More Related Content

More from Zaw Aung

Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsZaw Aung
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingooZaw Aung
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.pppZaw Aung
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook updateZaw Aung
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Zaw Aung
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.theinZaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesZaw Aung
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmeseZaw Aung
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooZaw Aung
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5Zaw Aung
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentZaw Aung
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kwZaw Aung
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinZaw Aung
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017Zaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...Zaw Aung
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)Zaw Aung
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiZaw Aung
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processZaw Aung
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bioZaw Aung
 
Us gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesUs gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesZaw Aung
 

More from Zaw Aung (20)

Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.oo
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewai
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-process
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bio
 
Us gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesUs gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pages
 

Tax.poverty of world countries & myanmar.42p

  • 1. Index မာတိကာ ၁။ ဆင်းရဲမွဲတေမှုပပျောက်နည်းသိပါတယ်။ လက်တွေ့လုပ်ဖို့ခက်နေပါသလား.. Page 1 ၂။ ပွင်းလင်း၊ လွတ်လပ်စွာအခွန်ကောက်သည့်စနစ် အရေးတကြီး လိုအပ်နေသည်။ (ဂျာမဏီ၊ ဂျပန် ကြိုဆိုခြင်း) P 6 ၃။ လွတ်တော်ဥက္ကဌကြီးကအခြေခံဥပဒေနဲ့အာဏာရှင်ဟောင်းတွေ ကာကွယ်ရတာပါ ဟု ဝန်ခံလိုက်ပြီ။ P11 ၄။ အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း P 14 ၅။ ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) နှင့် ပညာရေး P 19 ၇။ အသေးစားနှင့်အလတ်စားစီးပွားရေးကိုမြှင့်တင်တော့မည်ဟု သမ္မတဦးသိန်းစိန်ပြောပြီ P 25 ၈။ နွားနို့နှင့်အရက် P 29 ၉။.ရေနှင့်အလုပ်ကိုင်ခက်ခဲနေသူများနှင့် မြန်မာသူဌေးကြီးများ -၂၀၁၄ P 35 Tax system, Myanmar 2.5% of GDP, World 20%-45%
  • 2. 2/19/2014 Povertyof World Countries & Myanmar http://mingalaronline.biz/stories/poverty.myanmar.htm 1/5 ဆင်းရဲမွဲတေမှုပပျောက်နည်းသိပါတယ်။ လက်တွေ့လုပ်ဖို့ခက်နေပါသလား.. ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောသည့် 8-Jan-2014 တွင်၊ ဝန်ကြီးဌာန သတ်သတ်မှတ်မှတ်မရှိ၍ ဖေါ်ဆောင်မှုခက်ခဲနေဟုဆိုသည်။ ယခုမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဟုသတ်မှတ်လိုက်သောကြောင့် ပိုမိုအောင်မြင်လာမည် ဟုဆိုသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းကို(I.H.L.C.A) နှင့် UNDP, UNICEF ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာနတို့မှ၂၀၁၀အထိစစ်တမ်းရှိကြောင်း။ လမ်း၊ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ချေးငွေ ရရှိရေး တို့အကြောင်း ပြောသွားသည်။ အရေးကြီးသော အဖွဲ့ဖြစ်သောကြောင့် ကာ/ချုပ် (ကြည်း) ကိုလည်း ထည့်သွင်းထားသည်။ ကုန်ကျငွေများလွန်းသော စိုက်ပျိုးရေးဝန်ကြီး အစား၊ ဝင်ငွေရနေသော မွေး-ရေ ဝန်ကြီးဌာနတွင် ထည့်သွင်းလိုက်ခြင်းကိုကြိုဆိုရမည်။ တစ်ရွာသိန်း ၃၀၀ ဖြင့် ရွာ ၁၀၀၀ ထုတ်ချေးမည် ပြန်ပေးစရာမလိုအလွဲသုံးလျင်အရေးယူမည် ဟုစီမံကိန်းဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးဌာနမှလက်ရှိမြန်မာနိုင်ငံ၌ကျေးရွာ ပေါင်း ၆ သောင်းကျော်မှနမူနာ ရွာတစ်ထောင်ဖြင့် ဖွံ့ဖြိုးမှုစတင်နေသည်။ အထက်ပါ မြေပုံCIA 2008 အရ မြန်မာ (အညိုရောင်) သည် အန္နိယ (အဝါရောင်) ထက် ဆင်းရဲမွဲတေသူပိုများနေသည်။ မြန်မာလူမျိုး ၄၀% တစ်နေ့၊ လူတစ်ယောက်၊ ထမင်း၂နပ်စားစရိတ် 0.60 ဒေါ်လာ ပင်မတတ်နိုင်ပဲ ဆင်းရဲမွဲတေနေကြပါသည်။ လွန်ခဲ့သော နှစ်၃၀ ၁၉၈၀ ကျွန်ုပ်တက္ကသိုလ်အဆောင် နေစဉ် ကတည်းက တစ်လ ၄ဒေါ်လာ (ကျပ် ၁၂၀)၊ တစ်နေ့ 0.10 ဒေါ်လာနှုန်းဖြင့် အစိုးရထောက်ပံ့သော ဆန်ကိုစားသောက်ခဲ့ကြသည်။ ထိုစဉ်က ဆင်းရဲမွဲတေမှန်းမသိခဲ့။ အခုမှ ဒါလောက်ဆင်းရဲမွဲတေ ရလေခြင်း ဟုသိရပြီး ငိုချင်မိသည်။ ဆင်းရဲမွဲတေမှုပပျောက်ရေးသည် လယ်ယာ၊မွေး၊ရေလုပ်ငန်းများနှင့် ဆိုင်နေသဖြင့် ထိုကဏ္ဍကြီးများတွင် ဖွံ့ဖြိုးရေးအဖွဲ့များက ချေးငွေရမည်ဖြစ်မည်။ မြန်မာပြည်သည် ၁၉၈၅ နောက်ပိုင်း ချေးငွေများစွာ မဆပ်နိုင်ခဲ့၊ ယခုဂျပန်နှင့်နိုင်ငံတကာ အကူညီကြောင့် ADB, World Bank(IDA), IMF စသည့်တို့မှချေးငွေ ရရှိလာသည်။ ကျေးလက်ဒေသများတွင် ဝမ်းစာဆန်နှင့်၊ ဟင်းကိုလယ်တောမှရှာစားရသည့် အဆင့်က တက်လာပြီလား ဟုမေးပါက၊ တက်မလာသေးပါဟုဖြေကြသည်။ လယ်ပိုင်ရှင်များကတော့ ဟန်းဖုန်း၊ တီဗီ၊ မီးစက်၊ ကျေးလက်လူထုမှာ
  • 3. 2/19/2014 Povertyof World Countries & Myanmar http://mingalaronline.biz/stories/poverty.myanmar.htm 2/5 သူရင်းငှားဘဝရောက်သွား..ဟုဆိုသည်။ ကျေးလက်လူထုဝင်ငွေရအောင် နည်းလမ်းမှာ စိုက်ပျိုးရေး၊မွေးမြူ လုပ်ငန်းများ ပံ့ပိုးပေးရန်သာရှိသည်။- မြန်မာပြည်တွင် ဧရာဝတီမြစ်ရေတင် အသုံးချနိုင်ပါက တောင်သူလယ်သမားများ ဝင်ငွေတိုးလာမည် သေချာပေါက်ဖြစ်သည်။ သို့သော် မြစ်ရေတင်ခြင်းနှင့် ဆည်မြောင်းစီမံကိန်းများအတွက် အစိုးရမှာငွေမရှိ၊ တလောက ရေတင်လျှပ်စစ်ဖိုး အလကားပေးရမည့်အစား၊ ဈေးမြှင့် တောင်းသောကြောင့် လူထုဆန္ဒပြလုနီးပါး ကြုံခဲ့ရသည်။ လျှပ်စစ်ကို မြန်မာတပြည်လုံးရှိကျေးရွာအားလုံး၏ သုံးပုံတစ်ပုံပေးနိုင်ခဲ့ပြီဟုဆိုသော်လဲ ဝိသမကုမ္ပဏီများက မြို့နယ်သို့ လျှပ်စစ်ထုတ်လုပ်ရန် လှည့်သွားသည်။ တစ်ယူနစ် ကျပ် ၂၅၀နှုန်းဖြင့် မတရားရောင်းစားခွင့် ပါမစ် (လက်ဝါးကြီးအုပ်လျှပ်စစ်ထုတ်လုပ်ခြင်း) ကို အကောင်အထည် ဖေါ်နေသဖြင့် စိုးရိမ်ရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ MDG ဆိုသည်မှာ the Millennium Development Goals ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းဖြစ်သည်။ ၁၉၄၉ ခုနှစ်က ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဆင်းရဲမွဲတေသူများ သို့ ချဉ်းကပ်နေကြောင်း Harry Truman ကပြောသည်။ သို့သော် တရုပ်နိုင်ငံ၏ အံ့သြဖွယ်ရာ တိုးတက်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုကျဆင်းသွားလေသည်။ ကြေးမုံသတင်းစာ 14-08-2013 ပါမောက္ခဦးအောင်မြင့် ဆောင်းပါးအရ၊ ၁၉၉၉ - ၂၀၁၀ အတွင်း ကမ္ဘာ့ဆင်းရဲမွဲတေသူများ တစ်ဝက်ခန့်ကိုလျှော့ချနိုင်ခဲ့သည်။ ကုလသမဂ္ဂဝန်ထမ်းသည် လစာမကောင်းပါ။ သို့သော် စာရိတ္တကောင်းသူများစွာ ဖြစ်သည်။ အလားတူပညာရေး၊ တက္ကသိုလ်ကထိက၊ ပါမောက္ခများလဲ လစာနဲပြီး၊ စာရိတ္တကောင်းသူများ လုပ်ကိုင်ကြသည်။ ထိုသူတို့သည် မလိုအပ်ပဲ မသုံးမစွဲ၊ ချိုးခြံချွေတာတတ်သူများ ဖြစ်ပါသည်။ ထိုသူများက ဦးဆောင်သော ဖွံ့ဖြိုးစီမံကိန်းများသည် အောင်မြင်ပါသည်။ သို့သော် အကောင်ထည်ဖေါ်ရသော နိုင်ငံတွင် အကျင့်ပျက်သူ၊ နားမလည်သူများစွာ ရှိပါက အကူညီများသည် သဲထဲရေသွန် ဖြစ်လေ့ရှိသည်။ ခေါင်းဆောင် ကိုယ်တိုင်က အာဏာရှင်ဖြစ်ပါက ပိုဆိုးသည်။ ၁၉၈၂ခုအာရှဘဏ်ချေးငွေ ကန်ဒေါ်လာ သန်း၈၀ဖြင့် မကွေးတိုင်း၊ မင်းဘူး၊ ကမ်းနီမြစ်ရေတင်စီမံကိန်းကိုလုပ်ဆောင်ခဲ့ရာ၊ ပြည်တွင်း၊ပြည်ပ လူညာ၊လူဝါ များကြောင့်း ဝါဂွမ်းဧက ၂၀၀၀ အတွက်သာ ရေပေးနိုင်သည်ဟုဆိုသည်။ နိုင်ငံအကြီးအကဲ ဦးနေဝင်းက ဘုမသိ၊ ဘမသိပဲ လာကြည့်ရှု၊ မေးမြန်းရာ စပါးမစိုက်နိုင်သောနေရာတွင် တံမံ၊ လျှပ်စစ်ရေတင်ပံ့ကြီးများစွာ၊ အလဟသဖြစ်သည်ကိုစီမံကိန်းပြီးသွားမှသိရှိသွားရသည်။ ထိုစီမံကိန်းကိုဦးစီးရသူ အငယ်တန်းအင်ဂျင်နီယာ ဦးလှချိုဦး (ယခုနယူးယောက်မြို့နေထိုင်သူ) ၏ အမှတ်တရဆောင်းပါးတွင် ဦးနေဝင်းကိုယ်တိုင် " ဟာ.. ဝါဂွမ်း တစ်ဧကဒေါ်လာ၎သောင်းတောင် ရင်းနှီးမှတော့ ရွှေပင်ပဲ စိုက်တာကောင်းတယ်." ဟုဆည်မြောင်းဝန်ကြီးအား မအေ၊နှမ တိုင်းထွာပြောဆိုပြီး လှည့်ပြန်သွားသည်ဟုဆိုသည်။ ခေါင်းဆောင်ကြီးကလဲ သူကြိုက်သလိုဆုံးဖြတ်၊ ဝန်ကြီးကလည်း ခေါင်းဆောင်လုပ်ခိုင်းသလိုလုပ်။ တခါက ထိုကဲ့သို့အဖြစ်များ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုလဲ တစ်နှစ်အတွင်း မိမိတို့ အိပ်ထဲရောက်မည့် ငွေကိုပဲ သိပြီး နောက်၁၀နှစ် အတွက် ဂရုမစိုက်သည့် အရာရှိကြီးများကိုအပြစ်ပေး၊ အနားယူစေရမည်ဖြစ်သည်။ စာရိတ္တကောင်းပြီး၊ တတ်ကြွမ်းသူများ လုပ်ဆောင်ပါက ဆင်ရဲမွဲတေမှုသည် အလျှင်အမြန် ပပျောက်သွားပါမည်။ မြန်မာအစိုးရဝန်ထမ်းများအတွက် လစာနှင့်မလောက်နိုင်ပါ။ စားဝတ်နေစရိတ်ကိုခေတ်ကာလနှင့်အညီအစိုးရက ပံ့ပိုးထားရပေမည်။ အစိုးရပေးသော လစာငွေ၊ နေအိမ်ထက် ပိုကောင်းတာ လိုချင်ပါက ပေးနိုင်သော ပုဂ္ဂလိက လုပ်ငန်းများသို့ အလုပ်ပြောင်းရန်သာရှိသည်။ ဝန်ထမ်းလဲလုပ်၊ စီးပွားရေးလုပ်လာပါက အဂတိလိုက်စားမှုကိုမရှောင်နိုင်ပါ။ စာရေးသူပါမောက္ခဦးအောင်မြင့် ရေးသည့်အတိုင်း၊ ကမ္ဘာကြီးသည် ဆင်းရဲမွဲတေမှုပပျောက်ရန် မည်သို့လုပ်ရမည့်နည်းလမ်းကို လူများသိပြီးဖြစ်သည်။ လက်ဝါးအုပ် စီးပွားရေးစနစ်များကိုမထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် အိန္နိယနှင့်အာဖရိကနိုင်ငံများ ပိုဆိုးကြသည်။ ကျွန်ုပ်က ဆရာပါမောက္ခဆင်ဆာချန်ခဲ့သည်ကိုထည့်ရေးပါမည်။ အရှေ့တောင်အာရှတွင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင် တို့သည် ဆင်းရဲမွဲတေမှုကြီးမားသော နိုင်ငံများတွင် ပါဝင်နေပါသည်။ ဘင်္ဂလားဒေ့ခ်ျ နှင့်အာဖရိကနိုင်ငံ နိုင်ငံများလောက် မဆိုးသော်လည်း မြန်မာနိုင်ငံသည် အခြေအနေ မကောင်းပါ။ ယခုမြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွင် စာရိတ္တပညာကိုအစိုးရနှင့်ဌာနဝန်ထမ်း အကြီးတန်းအရာရှိကြီးများကို သမ္မတဦးသိန်းစိန်အစိုးရက စံနမူနာပြ၊ ကြိုးစားလေ့ကျင်၊လက်တွေ့လုပ်နေသည်။ နောက်ကြောင်းပြန်လိုသည့် အုပ်စုအတွက်တော့ ဒဏ်ပေးရန်သာ ကျန်တော့သည်။ အမေရိကန် စီးပွားကပ်ဖြစ်တိုင်း စာရိတ္တကောင်းသော သူဌေးကြီးများက ဘုံလယ်ယာ၊
  • 4. 2/19/2014 Povertyof World Countries & Myanmar http://mingalaronline.biz/stories/poverty.myanmar.htm 3/5 များစွာဖန်တီးပြီး လူများကိုကျွေးမွေး၊ အလုပ်ပေးထားလေ့ ရှိသည်။ ဗီယက်နမ်အစိုးရသည် အသက်ကြီးသူများအား ထီလက်မှတ်၊ ထောက်ပံပေးပြီး ရောင်းချစေပြီး ဝင်ငွေရစေသည်။ အလုပ်များဖန်တီးပေးပြီး၊ ခိုးဝှက်၊ခေါင်းပုံဖြတ်သူနည်းပါးစေသည်။ သူများပြောသည့်အတိုင်းမလုပ်ပဲ မိမိနိုင်ငံသား လူငယ်များကိုတိုးတက်နိုင်ငံကြီးများ၊ ပတ်ဝန်းကျင်နိုင်ငံများသို့ စေလွှတ်၊ ခရီးသွား၊ အောက်ခြေထိ၊ လေ့လာခြင်းကိုအရှိန်မြှင့်တင်ပေးရပါမည်။ နိုင်ငံခြားထွက်၊ ဟိုတယ်ဇိမ်ခံ၊ ချွေတာ၊ အစိုးရခရီးစရိတ်ထုတ်စားသော ခေတ်လဲကုန်လောက်ပါပြီ။ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ လုပ်ဆောင်ချက်များမှာ စိုက်ပျိုးရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ရန်၊ စနစ်တကျလုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ရေနှင့်လျှပ်စစ်ကိုပင် အစိုးရက လုပ်မပေးနိုင်သောကြောင့် ပိုမိုဆင်းရဲ မွဲတေသလိုဖြစ်သွားသည်။ အချက်အလက်များကို၂၀၁၄ မတ်လ သန်းကောင်စာရင်းကောက်ချိန် သိနိုင်ပါမည်။ တရုပ်နိုင်ငံ၏ဆင်းရဲမွဲတေမှုပပျောက်ရေး တရုပ်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များ ဆင်းရဲမွဲတေပပျောက်နည်း သိရုံမက၊ လက်တွေ့အကောင်ထည်ဖေါ်ခဲ့သည်။ အမေရိကန်၊ ဂျပန် ခေါင်းဆောင်များလဲ သိရှိ၊ လုပ်ဆောင်နိုင်သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံခေါင်းဆောင်များ အကျင့်ပျက်မှုများကို မထိန်းနိုင်သဖြင့် ကြွေးကြော်ခဲ့သလိုတောင့်မထားနိုင်တော့ပါ။ ဝေဖန်ခံရတော့သည်။ တရုပ်နိုင်ငံ ၁၉၈၉ အရေးအခင်းကြီး Tiananmen Square protests of 15 April 1989 – 4 June 1989 တွင် မြို့ကြီး ၄၀၀ မှာ ၃လကြာ တစ်နိုင်ငံလုံး ဆန္ဒပြခဲ့သည်။ ဖြစ်ရခြင်း အကြောင်းရင်းမှာ တိန့်ရှောင်ဖိန့်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအရှိန်ဟုန်မြှင့်ချိန် အစိုးရထိပ်ပိုင်းလူများ လာဘ်စားမှုနဲ့ ဆွေမျိုးများစီးပွားလုပ်မှုcorruption and nepotism အရမ်းကြီးမားလာ၍ ဖြစ်သည်။ အစိုးရခေါင်းဆောင်များတွင် စစ်အင်အားသုံးမလား၊ မသုံးဖူးလား ချင့်ချိန်နေရင်း နောက်ဆုံး တိန်ရှောင်ဖိန့်က စစ်အင်အားသုံးပြီး ပြုပြင်ပြောင်းလဲမှုကိုခရီးဆက်ရသည်။ အရေးယူရသည်။ ယခုတရုပ်နိုင်ငံအခြေအနေ တိုးတက်ရောက်ရှိလာပေသည်။ တရုပ်ပြည် ခေါင်းဆောင်သစ်များ၏ စာရိတ္တပညာကောင်းမှုကြောင့် နိုင်ငံတိုးတက်လာရသည်ဟုကောက်ချက်ချလိုပါသည်။ အဆင်းရဲမွဲတေဆုံး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရင်လေးဖွယ်ရာ ဖြစ်သည်။ စိုက်ပျိုးစရိတ် ချေးငွေမှအစ ထိုရောက်စွာကူညီဖို့လိုသည်။ အထူးသဖြင့် စိုက်ပျိုးရေးအတွက် တရုပ်ပြည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က စက်မှုလယ်ယာ၊ မျိုးစေ့၊ နည်းပညာ လုပ်ငန်းရှင်များကို၄၀% အထိဥပဒေဖြင့် ပံ့ပိုးပေးသောကြောင့် ဆင်းရဲမွဲတေမှုပပျောက်သွားဖြင်းဖြစ်သည်ကို မြန်မာအစိုးရ သိပါသည်။ စက်မှုလယ်ယာ ပစ္စည်း တရုပ်ပြည်မှတင်သွင်းသည်ကိုအခွန်ကြီးမားစွာ ကောက်နေခြင်းမှာ အလွန်အန္နရယ်ကြီးသော လုပ်ရပ်ဖြစ်သည်။ လယ်သမားကိုယ်တိုင် ထိုင်း၊ တရုပ်ပြည်မှလယ်ယာသုံးပစ္စည်း သွားရောက်ဝယ်ယူ တင်သွင်းခွင့် ပြုပြီး၊ အခွန်မဲ့ဖြစ်ရမည်။ မြန်မာပြည်တွင် လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရောင်းချသူများကိုလည်း တရုပ်ပြည်လို၄၀% Subsidy ပံ့ပိုးပေးရမည်။ တရုပ်လုပ်သော ကျပ်၃သိန်းတန် ကောက်ရိတ်စက်၊ လယ်ထွန်စက် ပြည်တွင်းထုတ် ရောင်းချသူအား စိုက်ပျိုးရေးဝန်ကြီးဌာနက ၄၀% အစိုးရက ပံ့ပိုးပေးလျှင် လယ်သမားများ ဆင်းရဲမွဲတေမှုမှနှစ်တိုအတွင်း လွတ်ကင်းမည်ဖြစ်သည်။ အစိုရလူကြီးမင်းများ၏ စာရိတ္တပညာဖြစ်သည်။ မိတ်ဆွေ လွှတ်တော်အမတ်အချို့မိသားစုဝင်ငွေမှာ မလုံလောက်၊ ဝင်ငွေပိုကောင်းသည် (ပါမစ်၊ လိုင်စင်၊ အိမ်မြေ) လုပ်ငန်းများ လုပ်နေရသည်ကိုဝမ်းနည်းစွာ တွေ့မြင်နေရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီ သမ္မတဦးသိန်းစိန်အစိုးရ လူထုအုံကြွမှုမဖြစ်စေပဲ corruption and nepotism ကိုမီဒီယာအကူညီဖြင့် လုပ်ဆောင်နေပါသည်။ ပါတီကြီးတို့တွင် အာဏာရရှိရေးအတွက် ဦးတည်ခြင်း၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်လည်း ငွေ၊ အာဏာကိုပဲ ဦးစားပေးနေခြင်းမှပြုပြင်ပြောင်းလဲမှုလိုနေသည်။ သမ္မတဦးသိန်းစိန် အစိုးရအပေါ်တွင် လုံးဝတည်နေပါသည်။ သမ္မတဦးသိန်းစိန် အစိုးရ ပေါ်လစီနှင့် စီမံကိန်းများတွင် ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်နိုင်မှဖြစ်မည်။ လုပ်နည်း၊ ကိုင်နည်း၊ သိပြီးဖြစ်သည်။
  • 5. 2/19/2014 Povertyof World Countries & Myanmar http://mingalaronline.biz/stories/poverty.myanmar.htm 4/5 စီမံကိန်းများ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အာရှဘဏ် စသည့် အဖွဲအစည်းများမှာ အထူး၊ အကူညီပေးနေချိန်ဖြစ်သည်။ အစိုးရ၏ ပေါ်လစီအတိုင်း၊ ပညာရေး၊ ကျန်းမာရေးများကိုမဏ္ဍိုင်တည်က အခွန်ကောက်ခြင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သွင်း/ ထုတ်ကုန် များတွင် တိုးတက်လာသည်ကိုဝမ်းမြောက်ရသည်။ သို့သော် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် နိဂုံး ထပ်ရေးရလျှင် ဆင်းရဲမွဲတေမှုပပျောက်ရန် စာရိတ္တပညာအခြေခံသော စိုက်ပျိုး၊မွေးမြူ တော်လှန်ရေးကြီးတစ်ခုလုပ်ရပေမည်။ ထိုင်း၊ ဗီယက်နမ် နိုင်ငံအား လေ့လာ၊ နမူနာယူပြီး၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်တို့မှအတုယူစရာမရှိပါ။ လူလတ်တန်းစား လယ်သမား၏ ဝင်ငွေမှာ ကျွန်ုပ်တို့ TARGET Calbo Fertilizer ကုန်ထုတ်လုပ်ငန်းမှတွက်ချက်အရ ကလေး၂ယောက်ရှိသော လယ်မြေ ၅ဧကပိုင် ပဲခူးတိုင်း တောင်သူမိသားစုအတွက် တစ်နှစ်ဝင်ငွေ သိန်း၆၀ခန့် (နှစ်သီးစိုက်) ဖြစ်သည်။ အစိုးရမှအဖွဲ့လုပ်ပေးပြီး အလုပ်မဖြစ်ပါက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှကိုယ်ကျိုးမဖက် သော ရပ်မိဘများက ၊ ငွေမရှိ၊ စေတနာရှိ၊ ပညာရှိ၊ စာရိတ္တရှိစွာဖြင့် အဖွဲ့အစည်းများဖြင့် လုပ်ဆောင်နေသည်မှာ အားရဖွယ်ဖြစ်သည်။ လူငယ်အင်အားကိုအသုံးမချနိုင်လျှင် စစ်အာဏာရှင်ဟောင်းများနှင့် ခရိုနီများက ဖိလစ်ပိုင်၊ ကမ္ဘောဒီယားကဲ့သို့ ကြီးစိုးနေဦးမည်ဖြစ်သည်။ ထိုလူငယ်အဖွဲ့များ စာရိတ္တနှင့် စေတနာမေတ္တာဖြင့် ထိုးဖောက်၊ လုပ်ဆောင်ခြင်းဖြင့် နောင်ဆယ်နှစ်ခန့်အကြာ ဆင်းရဲမွဲတေခြင်းပပျောက်ပြီး၊ Corruption & Nepotism အပေါ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ မှတ်ချက်။ ကမ္ဘာ့ဆင်းရဲမွဲတေမှုပပျောက်ရေး MDG လုပ်ငန်းကိုအင်တာနက်တွင် လေ့လာပါက 1. extreme poverty and hunger 2.primary education 3.equality women 4.child 5.maternal health 6.HIV/AIDS and diseases 7. environmental sustainability 8. partnership စသည်တို့တွင် ကမ္ဘာ့အဖွဲ့စည်း ၂၃ခုလုပ်ဆောင်နေပါသည်။ ကမ္ဘာ့ဆင်းရဲမွဲတေမှုသတ်မှတ်ချက်မှာ လူတစ်ဦး တနေ့စားသောက်ဖို့ဘယ်လောက်ကုန်သလဲ ဖြစ်ပါသည်။ ကမ္ဘာစံနှုန်း 1.25 US$ dollar per day, Ref. www.unicef.org (2011 data). ၁။ အမေရိကန် ဒေါ်လာ ၄.၉၀ ၂။ စင်ကာပူဒေါ်လာ ၁.၇၉ ၃။ သြစတြေးလျား ဒေါ်လာ ၈.၀၂ ၄။ မလေးရှား ဒေါ်လာ ၁.၃၆ ၅။ ထိုင်း ဒေါ်လာ ၁.၇၁ ၆။ ဗီယက်နမ် ဒေါ်လာ ၀.၅၈ (၁၉၉၃ တွင် ဒေါ်လာ ၀.၂၈ မှတိုးတက်လာသည်)။ ၇။ အိန္နိယ ဒေါ်လာ ၀.၆၀ ၈. နိပေါ ဒေါ်လာ ၀.၄၅ ၉။ မြန်မာ ဒေါ်လာ ??? (အိန္နိယထက်နိုမ့်သည်ဟုသတ်မှတ်ထားသည်) ၁၀။ ကမ္ဘောဒီယား ဒေါ်လာ ၀.၂၃ ယခုရန်ကုန်တက္ကသိုလ် ကျောင်းအဆောင်တွင်၊ တစ်ဦး တစ်လကျပ်၅သောင်းဖြင့် ကျွေးမည်ဆိုသဖြင့် ၊ တစ်ရက် ကျပ်၁၇၀ (0.17 dollar) ဖြစ်သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်၊ အရှေ့တီမော လူဦးရေတစ်ဝက် ဆင်းရဲမွဲတေနေကြသည်။ ယခု ဤဆောင်းပါးဖတ်သူသည် အင်တာနက်၊ သတင်းစာ ဖတ်နိုင်သဖြင့် ဆင်းရဲမွဲတေသူမဟုတ်ပါ။
  • 6. 2/19/2014 Povertyof World Countries & Myanmar http://mingalaronline.biz/stories/poverty.myanmar.htm 5/5 www.thepovertyline.net http://thehearttruths.com/2013/10/25/26-of-singaporeans-live-below-poverty-line-in-singapore/
  • 7. 2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 1/5 ပွင်းလင်း၊ လွတ်လပ်စွာအခွန်ကောက်သည့်စနစ် အရေးတကြီးလိုအပ်နေသည်။ နိုင်ငံခြားမှမြန်မာနိုင်ငံသို့ အဘယ့်ကြောင့် လာရောက်ရင်းနှီးလိုပါသနည်း ..မေးခွန်းကိုတည့်တည့်ဖြေရလျှင် ၁။ အခွန်ရှောင်တိမ်းနိုင်သောကြောင့်ဖြစ်သည်။ ၂။ ကျန်သည့် ပြည်တွင်းဈေးကွက်ကောင်းခြင်း၊ အလုပ်သမားခဈေးချိုခြင်း၊စသည့်အချက်များမှာ လူကြားကောင်းရုံဖြစ်သည်။ အခွန်မည်ကဲ့သို့ ရှောင်နိုင်မည်နည်း ဆိုသည်ကိုကျွန်ုပ်တို့ နာမလည်နိုင်ပါ။ နိုင်ငံတကာတွင် ၄၅% အထိ အခွန်ကောက်ပါသည်။ မပေးလျှင် အလွန်ပြင်းထန်သော ဥပဒေများရှိသည်။ လူမပြောနှင့်၊ ဧရာမကုမ္ပဏီကြီးများကိုပင် အစိုးရက တရားရုံးကြီးများတွင် တရားစွဲသောကြောင့် ဒေဝါလီ၊ လူမွဲဖြစ်သွားလေ့ရှိသဖြင့်၊ အခွန်မရှောင်ရဲကြပါ။ ထို့ကြောင့် မြန်မာပြည်ကဲ့သို့ ဥပဒေအားနဲသော နိုင်ငံတွင် အခွန်ရှောင်၊ စီးပွားလာလုပ်ကြသည်။ တရုပ်၊ အိန္နိယ၊ ဗီယက်နမ်နိုင်ငံများတွင် အခွန်လျှော့ပေးသော SEZ Special Economic Zone များဖြင့် ဥပဒေစိုးမိုးမှုစတင်ကြသည်။ မြန်မာပြည်တွင် SEZ မရှိသေး။ မြန်မာပြည်တွင် ကုမ္ပဏီကြီးများကိုအခွန်ကောက်ဖို့ မလုပ်ပဲ၊ တစ်လ တစ်သိန်း၂သောင်း လစာရှိသူကို အခွန်ကောက်မည့် ဥပဒေပြဌာန်းနေပါသည်။ ကုမ္ပဏီကြီးများကိုအခွန်ကောက်နိုင်မှတရားမျှတသော စီပွားယှဉ်ပြိုင်နိုင်မည်။ ကုမ္ပဏီအလတ်၊ အသေးများနှင့် ပြည်သူလူထုကိုအခွန်ကောက်ရန် စောလွန်းသေးသည်။ "ယခုအခါ အမြတ်အစွန်းကိုအခွန်မကောက်သည့်အပြင်၊ အခွန်လွတ် ၃နှစ်၊ နှစ်များစွာ ပေးခြင်း၊ ကုမ္ပဏီငွေစာရင်းကိုစစ်နိုင်လောက်သည့် အားကောင်းသည့် စာရင်းစစ်အဖွဲ့ မရှိခြင်း၊ စာရင်းစစ်များမှာ ငွေရှင်များ၏၊ ခါးပိုက်ထဲရောက်နေခြင်း.." စသည့်အားနည်းချက်များစွာ ရှိနေသည်။ အမေရိကန်နိုင်ငံမှာ အခွန်ကောက်နည်းစနစ်များဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကူညီမည်ကိုမြန်မာပြည်မှာ စီးပွားရေးထိပ်တန်း၊ လက်ဝါးကြီးအုပ်သူများက စိုးရိမ်ကြပါသည်။ Eleven Media မှစကိုင်းနက်တီဗွီလုပ်ငန်းကို အစိုးရ ၄%၊ ကုမ္ပဏီ၉၆%၊ ၃နှစ်အခွန်မပေးပဲ၊ ထုတ်ကုန်/သွင်းကုန် ခွင့်ပြုခြင်းကဲ့သို့ စာချုပ်များစွာ
  • 8. 2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 2/5 ရှိနေပါသည်။ ထိုကဲ့သို့ စီးပွားလုပ်ငန်းများသည် အမေရိကန် အခွန်စနစ်ကိုအလွန်ကြောက်ရွံ့မည်ဖြစ်သည်။ ဘာပဲဖြစ်ပါစေ.. ၃နှစ် စားသောက်၊ အမြတ်များစွာ ယူပြီးပါက တရားမျှတသော စာချုပ်များအဖြစ် ပြောင်းလဲ၊ အခွန်ကောက်ရမည်ဖြစ်သည်။ နိုင်ငံတကာတွင် စာရင်းစစ်အဖွဲ့သည် အလွန်အစွမ်းထက်သည်။ စာရင်းစစ်ချုပ်နှင့်အခွန်ဝန်ထမ်းများမှာ အရေးကြီးဝန်ထမ်းများဖြစ်သည်။ ပြည်တွင်းရောက်နေပြီးသော ကုန်များကိုလိုက်ဖမ်းဆီးသော မြန်မာပြည်မိုဘိုင်းအဖွဲ့ကဲ့သို့ မဟုတ်ပဲ၊ နယ်စပ်တွင် ပိုင်နိုင်စွာအခွန်ကောက်နိုင်မှဖြစ်မည်။ သင်္ဘောဆိပ်များ၊ လေဆိပ်များ၊ ဆိပ်ကမ်းပေါင်းများစွာတို့တွင် အခွန်ကောက်ခြင်းကိုစနစ်တကျ လုပ်ဆောင်ဖို့ သင့်နေပြီဖြစ်သည်။ နိုင်ငံတကာတွင် Tax per GDP 20% to 45% ရှိနေချိန်တွင် ၂၀၁၃ ဘတ်ဂျတ်ကြေငြာချက်အရာ မြန်မာအခွန်ကောက်မှုTax per GDP မှာ ၃နှစ်ကြာလဲ၊ ဘာမှမထူးခြား၊ ၂.၅% မျှသာရှိနေဆဲဖြစ်သည်။ အစိုးရသစ်က အခြေခံအဆောက်ဦးလဲပြိုမှာကြောက်သဖြင့် ဖြေးဖြေးချင်း၊ နှေးကွေးစွာ အခွန်ကောက်နေပုံရသည်။ ဘယ်လုပ်ငန်းများသည် အခွန်လွတ်နီးပါး၊ အလွန်ဆိုးဝါးနေသနည်း ကိုသာမန်လူပင်သိနိုင်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ဆက်သွယ်ရေးမိုဘိုင်း၊ လောင်စာဆီ၊ သယံဇာတ၊ အရက်ဆေးလိပ်၊ ဆေးဝါးပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ၊ ဇိမ်ခံကားများ ..စသည်တို့ကိုအခွန်မှန်ကန်စွာ ကောက်နိုင်ဖို့လိုသည်။ စီးပွားလုပ်ငန်းများတွင် အိမ်ခြံမြေ၊ အရောင်းအဝယ်လုပ်ငန်းများသည် အခွန်ရှောင်ရာတွင် အံ့သြဘွယ်ဖြစ်သည်။ အစိုးရ ဝင်ရောက်မကူညီခြင်းကြောင့် ဖြစ်သည်။ အစိုးရဝန်ထမ်းများက မတန်တဆ ဈေးနှုန်းများကိုတားဖြစ်ဖို့လိုသည်။ Valuation လုပ်မှုတွင် ခြစားမှုအလွန်ကြီးမားလှသည်။ မည်သို့လုပ်ရမည်ကိုအစိုးရလူကြီးများ သိပါသည်။ အမေရိကန်အခွန်စနစ် (သို့မဟုတ်) ထိုင်း၊ ဗီယက်နမ်အခွန်ကောက်စနစ် မြန်မာနိုင်ငံတွင် ကျင့်သုံးလာမည့်အချိန်ကိုစောင့်နေဆဲဖြစ်သည်။ ဂျာမန်သမ္မတ မြန်မာနိုင်ငံလာရောက် အားပေးခြင်း 12-Feb-2014, RFA News ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဂျာမနီနိုင်ငံသမ္မတ မစ္မတာ ဂျိုဝါချင် ဂေါက်ခ် Mr. Joachim Gauck မိန့်ခွန်းပြောကြားရာတွင် လူငယ်များ မိမိတို့တစ်ဦးချင်းစီပိုင်ဆိုင်တဲ့အင်အားကိုယုံကြည်ကြရန်၊ အာဏာ၊ ကြွယ်ဝမှုနဲ့အခွင့်ထူးခံစားခွင့်များကိုလက်မလွှတ်ချင်သူများ၏ အပြောင်းအလဲကိုတားဆီးမှုအသံများ နားမယောင်ကြရန်၊ မိမိတို့တစ်ဦးချင်းရရှိထားတဲ့ လွတ်လပ်ခြင်းကိုအသုံးချပြီး အမှောင်ထဲမှာ ကျန်ခဲ့သူတွေကိုတွဲခေါ်ကြဖို့မြန်မာနိုင်ငံသားလူငယ်များကိုတိုက်တွန်းပြောကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြောကြားခဲ့သောမိန့်ခွန်းတွင် နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကိုလူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဒီနေ့ရရှိထားသော အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ၏
  • 9. 2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 3/5 အကြောက်တရားကင်းကင်းစွာ ကြိုးပမ်းမှုမှ၊ ဒီမိုကရေစီအရေးကြိုးပမ်းမှုကိုချီးကျူးပြောဆိုခဲ့ပါသည်။ ရန်ကုန်တက္တသိုလ်သည် လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သော သမိုင်းဝင်ကျောင်းဖြစ်သည်။ ဒီကျောင်းတွင် အခြေခံပြီးဖြစ်ပေါ်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့အဲဒီ အရေးတော်ပုံမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့သတ္တိကိုမမေ့သင့်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဂျာမနီသမ္မတဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးသန့်စီတွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံကိုဒုတိယမြောက်အကူအညီအများဆုံးပေးသော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကပေးဖို့ကျန်နေသည့် အကြွေးယူရိုငွေ သန်း ၅၀၀ ဖြေလျှော့ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ သဘောတူခဲ့သည်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေး မြန် လွန်းတယ်လို့မဆိုနိုင် ဟုဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck နေပြည်တော်၊ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားရကျေနပ်စရာဖြစ်၍ ဂျာမနီနိုင်ငံကိုမြန်မာနိုင်ငံကပေးဖို့ရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈၂ သန်းကိုဖြေလျှော့ပေးလိုက်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံအပေါ် အကောင်းမြင်သင့်သည့် အကြောင်းပြချက်များလည်းရှိကြောင်း၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းချိန်မှစ၍ နိုင်ငံအနှံ့အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အစပျိုးလာခဲ့ကြောင်း၊ စည်းလုံးညီညွတ်ရေးသည် တိုင်းရင်းသား လူနည်းစုများအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံသားတိုင်းအတွက်ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအနေဖြင့် ချမ်းသာကြွယ်ဝမည်ဖြစ်ကြောင်း Eleven Media တွင်ဖေါ်ပြထားသည်။ ဂျာမဏီသမ္မတ (၇၄နှစ်) သည် ကွန်မြူနစ်အရှေ့ဂျာမဏီမှလူ့အခွင့်အရေးလှုပ်ရှားသူ၊ ခရစ်ယာန်သင်းအုပ်ဆရာ Lutheran pastor ဖြစ်ခဲ့သည်။ ဂျာမဏီ၂နိုင်ငံပေါင်းစည်းရေးအတွက် ငြိမ်းချမ်းရေး၊ လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၂တွင် ဂျာမဏီနိုင်ငံ သမ္မတအဖြစ် တင်မြှောက်ခံရသည်။ ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်သလိုနေ့လည်ပိုင်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မိန့်ခွန်းပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံသည် ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးမှုအများဆုံးနိုင်ငံဖြစ်သည်။ မြန်မာပြည်အခွန်ကောက်မှုအခက်အခဲများ မြန်မာနိုင်ငံတွင် ဖမ်းဆီးမရနိုင်သော ရာထူးကြီး၊ စစ်ဗိုလ်ဟောင်းများ၊ စီးပွားလုပ်ငန်းရှင်များစွာ ရှိနေသည်။ တရားရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများတွင် အောက်ခြေမှ၊ ထိပ်ဆုံးအထိစာရိတ္တပြစ်မှုများစွာ ရှိနေသည်။ ထိုသူများကိုအရေးယူဖို့ မပြောနှင့်၊ အနားပေးဖို့ပင် အင်မတန်ခက်ခဲနေပါသည်။ မကြာမီ နိုင်ငံတကာမှမြန်မာကြွယ်ဝသူများနှင့်၊ ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုကိုစာရင်းကောက်နိုင်သော
  • 10. 2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 4/5 ပုဂ္ဂလိကအဖွဲ့အစည်းများ ရောက်လာမည်ဖြစ်သည်။ ရှောင်ပြေးလို့မရတော့ပဲ အခွန်ပေးရချိန် နီးလာပြီဖြစ်သည်။ ယခုအချိန်မှာ သူဌေးကြီးများ အခွန်ရှောင်းနိုင်ဆဲဖြစ်ပါသည်။ လက်ရှိပြည်သူများဝင်ငွေကိုလုယူမည့်၊ စီးပွားရေးလုပ်ငန်းများမှာ မိုဘိုင်းဖုန်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားခ၊ လောင်စာဆီဈေး၊ ဌာနဆိုင်ရလိုင်စင်၊ပါမစ်ကြေးများစွာ တို့ဖြစ်သည်။ စားသောက်ကုန်၊ အဝတ်ထည်၊ လူသုံးကုန်၊ ဆေးဝါးပစ္စည်း ဈေးနှုန်းများ၊ တင့်သင့်မှုသည် နိုင်ငံခြားသွင်းကုန်များကို မှန်ကန်စွာအခွန်ကောက်မှုအပေါ် မူတည်သည်။ ဥပမာ.. တရုပ်၊ ဗီယက်နမ် နိုင်ငံတွင် လယ်ယာသုံး၊ ကုန်ကြမ်း၊ စက်ကရိယာများကိုအစိုးရက ၄၀% အထိပံ့ပိုးပေးသောကြောင့်၊ ဆင်းရဲမွဲတေမှု အလျှင်အမြန်ကျဆင်းလာခဲ့သည်။ လယ်ယာစီးပွားတွင် အခွန်လုံးဝမကောက်ပဲ၊ ပံ့ပိုးမှုပေးရမည်။ လောင်စာ၊ ဆက်သွယ်ရေး၊ ဇိမ်ခံပစ္စည်းများကိုအခွန်မှန်ကန်စွာ ကောက်နိုင်ရမည်။ ခရိုနီများ တင်သွင်းလာသော ကွန်တိန်နာများ၊ ကုန်ကားကြီးများကိုX-ray ဖြင့် ရိုက်ပြီး၊ ဇိမ်ခံပစ္စည်းများ ပါမလာရေး၊ အရက်၊ဆေးလိပ်၊ ဆေးဝါးများ Drug ကန့်သတ်ကုန်များးကိုတင်းကြပ်စွာ စစ်ဆေး၊ အခွန်ကောက်ရပါမည်။ X-ray တန်ဖိုးမကြီးသော်လည်း မတပ်ဆင်သေးပါ။ တားမြစ်ပစ္စည်းများ တင်သွင်းလာပါက သိမ်းဆည်းပြီး၊ ပစ္စည်းတန်ဖိုး၏ ၂ဆ၊ စသဖြင့် ဒဏ်တပ်ရမည်။ မြန်မာနိုင်ငံတွင်း စားသောက်ကုန်ချောများ တင်သွင်းခြင်းကိုပြင်းထန်စွာ အခွန်မကောက်လျှင် ပြည်တွင်းထတု ကုန်ချောများကို ကာကွယ်ပေးရပါမည်။ အလားတူဆေးဝါးများကိုလည်း ပြည်တွင်းထုတ် ဆေးဝါးများကိုဦးစားပေးရမည်။ စားသောက်ကုန်၊ ဆေးဝါးများ၊ လူသုံးကုန်၊အဝတ်အစားများတွင် ပြည်တွင်းထုတ်များကိုဦးစားပေးရန်၊ ပြည်ပတင်သွင်းမှုများကိုအခွန်မှန်ကန်စွာ ကောက်ရမည်ဖြစ်သည်။ ကန့်သတ် သွင်း/ထုတ် ကုန်များလည်း ရှိသေးသည်။ ဒါတွေမြန်မာအစိုးရသိပါသည် အခွန်စနစ်ကိုစင်ကာပူနိုင်ငံတွင် ဒီလိုကောက်ပါသည်။ မြန်မာပြည်တွင် ဒါမျိုးဖြစ်နေပါသည်..ဟု သုတေသနလုပ်လဲ မလုပ်လိုတော့ပါ။ အထက်ပါ အခွန်ကောက် အခက်ခဲများကိုဖြေရှင်းနည်း အစိုးရက သိပါသည်။ တကယ်တန်း အကောင်းထည်ဖေါ်ရန် စာရိတ္တပိုင်းဆိုင်ရာ၊ ပြဿနာကြီးမှာ အမြစ်တွယ်လျှက်ရှိသည်။ "ဂျာမဏီသမ္မတကြီး မြန်မာနိုင်ငံအထိလာရောက်ပြီး မိန့်ခွန်းပြောသည့်အတိုင်း အာဏာ၊ ကြွယ်ဝမှုနဲ့အခွင့်ထူးခံစားခွင့်များကိုလက်မလွှတ်ချင်သူများ ပြသနာဖြစ်သည်။ " မြန်မာနိုင်ငံတွင် အစိုးရ၊ တရားရေးနှင့်ရဲဝန်ထမ်းများ မှန်ကန်စွာ အလုပ်လုပ်ရန်၊ အခြေခံဥပဒေကိုပြင်ဆင်ရမည်ဟုဆိုသည်။ ပြည်တဲရေးဝန်ကြီးနှင့်၊ အထွေထွေအုပ်ချုပ်ရေးဌာနသည် အခြေခံဥပဒေအရ၊ ဗဟိုချုပ်ကိုင်ထားပြီး၊ စစ်တပ်မှအရာရှိများ၊ အရာရှိဟောင်းများက ကိုင်တွယ်ထားဆဲဖြစ်ပြီး၊ ဒေသလွှတ်တော်များ အာဏာခွဲဝေမှု ဥပဒေအခက်ခဲ ရှိနေသည်။ မည်သို့ပင်ဖြစ်စေ၊ နိုင်ငံခြားမှာ လာမည့်ရင်းနှီးမြှတ်နှံမှုများသည် အခွန်၄၅% မပေးရသည့်အပြင်၊ အမြတ်ငွေများကိုထုတ်ယူသွားခွင့် လွန်ကဲစွာရရှိထားသောကြောင့်၊ အခွန်ဥပဒေကို
  • 11. 2/19/2014ွပင်◌းလင်◌း၊ လတွပာအွခ်ေ◌ကာက http://mingalaronline.biz/stories/tax.system.and.welcome.germany.htm 5/5 မြန်မာအစိုးရနှင့်လျှို့ဝှက်စွာ ချုပ်ဆိုထားသော တရုပ်နိုင်ငံမှကုမ္ပဏီကြီးများစွာ၊ ဆက်လက်လုပ်ကိုင်စားနေဦးမည်ဖြစ်သည်။ အချို့လုပ်ငန်းများမှာ အနှစ်၆၀၊ အနှစ်၉၀ စသဖြင့် အံ့သြစရာ စာချုပ်များကိုချုပ်ဆိုကြခြင်းကိုပွင့်လင်းစွာ ဖေါ်ထုတ်နိုင်ဖို့ အချိန်တန်ပြီဖြစ်သည်။ သို့မှသာ ပွင့်လင်းစွာအခွန်ကောက်သည့် စနစ်တစ်ခုအမြန်ဆုံးပေါ်လာပြီး၊ ဂျပန်၊ ဂျာမဏီ ရင်းနှီးမြှတ်နှံမှုစာချုပ်များစွာ ရောက်ရှိလာမှမြန်မာနိုင်ငံတိုးတက်ရေး မြန်လာပါမည်။ ဂျပန်နှင့်ဂျာမဏီ၂နိုင်ငံတို့ မြန်မာနိုင်ငံအတွက် အကြွေးလျှော်ပေးမှု၊ မှန်ကန်သောရင်းနှီးမြှတ်နှံမှုများကို ကြိုဆိုပါသည်။ ဇော်အောင်
  • 12. 2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း http://mingalaronline.biz/stories/tax.in.developing.countries.htm 1/3 လွတ်တော်ဥက္ကဌကြီးကအခြေခံဥပဒေနဲ့အာဏာရှင်ဟောင်းတွေ ကာကွယ်ရတာပါ ဟုဝန်ခံလိုက်ပြီ။ အစိုးရဟူသည်မှာ ကမ္ဘာအချမ်းသာဆုံး အဖွဲ့အစည်းဖြစ်သည်။ တရားမျှတစွာဖြင့် လုပ်ဆောင်သောကုမ္ပဏီများကိုWorld Bank, IMF ကဲ့သို့ အဖွဲ့အစည်းများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှုကိုနည်းပါးအောင် ဆောင်ရွက်နေကြရသည်။ ဥပမာ .. - တရုပ်ကုမ္ပဏီများကို၊ တရုပ်ဘဏ်များက တစ်နှစ် ၃၅% ဖြင့် ငွေချေးကာ မြန်မာပြည် ဝိသမစီးပွားရေးများ လုပ်ကြသည်။ - အမေရိကန် World Bank က တစ်နှစ် ၁၇% ရာနှုန်းဖြင့် လာဘ်စားမှုနဲပါးမည့် စီးပွားရေးများ လုပ်ကြသည်။ - အမေရိကန်နည်းတူ၊ EU မှIMF, ဂျပန်မှJICA, ဂျာမဏီမှGIZ, အစ္စလမ်နိုင်ငံများမှIDB စသည်တို့ကလဲ ၄င်းတို့ဘဏ်များမှ၁၇% ချေးငွေဖြင့် စီးပွားရေးလုပ်ကြသည်။ - တစ်နိုင်ငံမှတစ်နိုင်ငံ ချေးငွေ ၇% နှစ်ရှည်ချေးရာတွင်၊ ချေးငွေအားလုံး၏ ၁၀% အထက်မှာ အစိုးရအရာရှိများ အိပ်ထောင်ထဲသို့ ရောက်သွားသည်။ - အစိုးရများသည် အချမ်းသာဆုံး ဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုအသေအလဲ လုနေကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂နှစ်အစိုးရသက်တမ်းမှအစိုးရအာဏာရှိသူများ ခပ်ပြောင်ပြောင်၊ အခွန်ပေးရမည့်အစား
  • 13. 2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း http://mingalaronline.biz/stories/tax.in.developing.countries.htm 2/3 အာဏာပိုင်နှင့်ကုမ္ပဏီတို့ မျှစားခြင်း (Corruption) ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နေကြပါသည်။ ဘယ်တိုင်တိုင် မရပါ။ ရာထူးမှအနားယူပြီး ခပ်ပြောင်ပြောင် နေထိုင်ရုံသာ ရှိပါသည်။ ဥပမာ .. ယခင် အစိုးရအာဏာကြီးခဲ့သူဦးအောင်သောင်း ကဲ့သို့ ခပ်ပြောင်ပြောင်ပဲ လွှတ်တော်တွင် နေထိုင်ပြီး၊ ပွင့်လင်းစွာပြောတတ် ဆိုတတ်ရမည်ဖြစ်သည်။ အချို့ စကားပြောအကျင့်ပါနေသူဝန်ကြီးများ အပြောမတတ်၍ အရှက်ရသည်။ အလုပ်ပြုတ်သွားလဲ သူတို့မှာ အရေးယူမခံရသော လက်ရှိမြန်မာနိုင်ငံ ပွင့်လင်းမြင်သာသော စနစ်ဖြစ်နေပါသည်။ ကုမ္ပဏီကြီးများသည် အခွန်မပေးပဲ နေမည်။ အစိုးရကလဲ သူဌေးကုမ္ပဏီကြီးများထံမှနည်းမျိုးစုံဖြင့် အခွန်တောင်းမည်။ အစိုးရလူကြီးမင်းများအတွက် အာဏာသုံးပြီး၊ ကုမ္ပဏီများ ပေးသော လက်ဆောင်ငွေကို ယူသောသူ၊ အလုပ်ပြုတ်သွားမည်။ တရားစွဲမခံရသေး။ ကုမ္ပဏီများနှင့် ပေါင်းပြီး အာဏာပိုင်ဆွေမျိုးများ စီးပွားရေးလုပ်နိုင်သော အာဏာပိုင်များ ကျိကျိတက် ချမ်းသာလာမည်။ ထိုသို့ ပွင့်လင်းမြင်သာစွာ အသွင်ကူးပြောင်းရေး အုပ်ချုပ်နည်းကိုပင် မြန်မာ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက အခြေခံဥပဒေဖြင့် ကာကွယ်ပေးထားရပါကြောင်း ဝန်ခံပြောကြားသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများလိုအာဏာအတွက် တိုက်ခိုက်၊ ဒုက္ခရောက် မဖြစ်အောင်လုပ်ထားခြင်းပါ ..ဟုဇန္နဝါရီလ ၂၀၁၄ လူထုအစည်းဝေးတွင် ပြောကြားသွားပါသည်။ လူသားအားလုံးသည် လူလူခြင်း ခေါင်းပုံဖြတ်ခြင်းကိုရွံ့မုန်းသဖြင့် ငတက်ပြားကဲ့သို့ လူချမ်းသာများကို ဓါးပြတိုက်၊ ဆင်းရဲသားများအား ဝေငှပေးသည့် စိတ်ထားများ ရှိကြပေသည်။ ခေတ်သစ် ငတတ်ပြားများမှာ လူချမ်းသာ (အစိုးရ) ထံမှဓါးပြတိုက် (အခွန်မပေးပဲ) ဆင်းရဲသားများကိုအလုပ်အကိုင် ရှာဖွေပေးနေကြသည်။ အစိုးရကလည်း ထိုချမ်းသာကြွယ်ဝလာသူ(ခရိုနီများ) အား အခွန်မကောက်နိုင်ပါ။ ခရိုနီနှင့် နိုင်ငံခြား တရုပ်ကုမ္ပဏီများသည် အခွန်ဥပဒေကိုအရည်ကြိုသောက်နိုင်သည်။ နောက်ဆုံးတော့ .. အစိုးရကလည်း အခွန်ငွေများများရရန် ကုမ္ပဏီအလုပ်ရပြီး၊ ပျော်နေသည့် ပြည်သူလူထုထံမှ အခွန်ကောက်ရပါတော့သည်။ ရန်ကုန်၊ ဇန်နဝါရီ၃၁ တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှစုံစမ်းသိရှိရသည်။ အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ(လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။ “ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။
  • 14. 2/19/2014 အစိးရဟသှာ ကမ္ဘာအချမ် ◌းသာဆံ◌း http://mingalaronline.biz/stories/tax.in.developing.countries.htm 3/3 ဆင်းရဲမွဲတေမှုများက မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ..။ ဇာနီကြီး
  • 15. 2/19/2014 စငာပန◌ိငံရဲ့Tax% of GDP http://mingalaronline.biz/stories/tax.collection.htm 1/5 အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း စင်ကာပူနိုင်ငံရဲ့Tax % of GDP အဲဒီစာရင်းမှာ ၂၀၁၂ စင်ကာပူက ၁၄.၂% အခွန်ကောက်လို့ရတယ်။ ၂၀၁၃မှာ ၅၅ဘီလျံ အကောက်ခွန်ရမယ် မှန်းထားတယ်။ အခွန်ကိုမလွတ်တန်းကောက်ပါမှအဲဒီငွေနဲ့ နိုင်ငံတော်တည်ဆောက်ရပါမယ်။ အခွန်ဘယ်နေရာတွေက ရသလဲ ? အစိုးရ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သာစွာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။ အောက်က ပုံကြည့်လိုက်တာနဲ့ အခွန် အများဆုံးရငွေများကိုမြင်နိုင်ပါတယ်။ 1. Corporate Income Tax 2. Personal Income Tax 3. Goods and Services Tax 4. Statutory Board Contributions 5. Assets Tax (property) အဲဒီ၅ခုက ပေါင်းရင် ၈၀%လောက် ၀င်ငွေရပါတယ်။ ၂၀၁၂မှာ ဘီလျံ ၅၅ (ဒေါ်လာသန်းပေါင်း ၅၅၀၀၀)။ ရမဲ့အခွန်ကိုလွတ်မသွားအောင် စနစ်တကျ ကောက်ပါတယ်။ ရှောင်လို့မရပါ။ ရှောင်လို့ မိသွားရင်တော့ ဒဏ်ငွေမနည်းလှပါ။ အခြားနိုင်ငံများလည်း စင်ကာပူနိုင်ငံလိုပဲ အခွန်ကိုစနစ်တကျကောက်ပါတယ်။ တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များဟာ အခွန်ကောက်ရငွေ ဘက်ဂျတ်ပေါ်မူတည်ပြီး သုံးစွဲရတော့ အခွန်ကောက်ခြင်းမှာ ခြစားမှုမရှိဘို့ အထူးအရေးကြီးလှပါတယ်။
  • 16. 2/19/2014 စငာပန◌ိငံရဲ့Tax% of GDP http://mingalaronline.biz/stories/tax.collection.htm 2/5 မြန်မာနိုင်ငံရဲ့Tax Income စစ်အစိုးရခေတ်တုံးကတော့ ကြိုက်သလိုအတွင်းကြိတ်ပြီးလုပ်နေကြတော့၊ ဘာမှမမြင်ရဘူး။ မြင်တဲ့လူလဲ မပြောရဲဘူး။ ပြောရင် ဆွဲစိခံသွားရမှာကိုး။ အခုတော့ လူအများလည်း ပွင့်လင်းလာပြီဆိုတော့ အစိုးရခေါင်းဆောင်ပိုင်းလည်း အမှန်အတိုင်းလုပ်ဖို့ အားပေးခံရတယ်။ စင်ကာပူမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်စဉ် ခြစားမှုတွေကိုကြားသိ၊တွေ့မြင်ရပေမဲ့ အောက်ခြေအထိမရောက်ပါဘူး။ ခြစားမှုနည်းပါးလှပါတယ်။ မြန်မာနိုင်ငံမှာတော့ များပြားလှတဲ့ခြစားမှုကိုလက်ဆောင်ကြိုက်တဲ့နိုင်ငံလို့ လှလှပပပဲ အမည်ပေးလိုက်ချင်ပါတယ်။ ၀ီကီမှာ ကမ္ဘာ့နိုင်ငံများ Tax % of GDP ကိုကြည့်မိတယ်။ http://en.wikipedia.org/wiki/List_of_countries_by_tax_revenue_as_percentage_of_GDP ကောက်နုတ်ချက်ကတော့ တိုးတက်တဲ့နိုင်ငံများမှာ အခွန်% က ၄၀ရာနှုံးကျော် ကောက်တယ်။ နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမဏီစတဲ့နိုင်ငံတွေပါ။ အမေရိကန်၊ တောင်ကိုးရီးယား ၂၆%၊ ဂျပန် ၂၈% အခွန်ကောက်နိုင်ပါတယ်။ အိန္နိယ ၁၇.၇%၊ တရုပ်၊ထိုင်းနိုင်ငံ ၁၇%၊ မလေးရှား ၁၅.၅%၊ စင်ကာပူ၁၄.၂%၊ ဗီယက်နမ် ၁၃.၈% တို့ရှိကြပါတယ်။ မြန်မာနိုင်ငံကတော့ ၄.၅% နဲ့ သူအောက်က ရေနံသူဌေးနိုင်ငံလေးတွေပဲကျန်တော့တယ်။ ဘာကြောင့် ကမ္ဘာ့အနည်းဆုံး အခွန် % of GDP ဖြစ်နေရပါသလဲ။ အဖြေ။ ခြစားလွန်းလို့ပါ။ ဘယ်နေရာမှာ ခြစားနေကြသလဲ ဆန်းစစ်ကြည့်မယ်ဆိုရင် အထက်က စင်ကာပူအခွန်အများဆုံးကောက်ရတဲ့ ကဏ္ဍကြီး၅ခုကိုပဲ ကြည့်ပါမယ်။
  • 17. 2/19/2014 စငာပန◌ိငံရဲ့Tax% of GDP http://mingalaronline.biz/stories/tax.collection.htm 3/5 1. Corporate Income Tax ကုမ္ပဏီအမြက်ခွန် ကုမ္ပဏီဆိုတာ ၃နှစ်ဆက်တိုက်ရှုံးလို့ ဆက်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ အမြက်ရှိရမယ်။ အမြက်မရှိဘူး မညာနိုင်အောင် အစိုးရစာရင်းစစ်တွေနဲ့ စစ်ဆေးရပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီအမြက်ခွန်ကိုရှောင်လို့မရပါဘူး။ အခွန်ဌာနအနေနဲ့ သေချာစွာစာရင်းဝင်စစ်ရင် အခွန်အများကြီးရမှာပါ။ 2. Personal Income Tax တစ်ဦးချင်းအခွန် သူဌေးတွေကိုအခွန်ကောက်ရပါမယ်။ သူဌေးက အခွန်ရှောင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ။ သာမန်လခစားများကိုတော့ နဲနဲပဲကောက်ပါမယ်။ ဥပမာ အစိုးရဘဏ် DBS အကြီးအကဲ Mr. Gupta ၂၀၁၂မှာ ၀င်ငွေ ဒေါ်လာ၉သန်း ရရှိသွားတယ် ဆိုပေမဲ့၊ အခွန်က အနဲ့ဆုံး ၃၀% ဆိုတော့ ဒေါ်လာ၃သန်းလောက် အခွန်ပေးရပါတယ်။ ၀င်ငွေ တစ်နှစ်ဒေါ်လာ တစ်သိန်းကျော်ရင် ၁၀% အထက် အခွန်ကောက်ပါတယ်။ ကုန်ရောင်းကုန်ဝယ် လုပ်စားသူတွေတော့ အခွန်လွတ်အောင် ရှောင်နိုင်ပေမဲ့၊ အကြီးစား သူဌေးတွေတော့ မရှောင်နိုင်ပါဘူး။ မြန်မာပြည်ကတော့ တစ်ဦးချင်းအခွန်ကောက်ဖို့ ခက်နေပါတယ်။ (တလ ၁သိန်း၊ ၂သိန်း လခစားအဆင့်ကိုအခွန်လိုက်ကောက်တဲ့ ဆင်းရဲသားလယ်ပင်းညစ်အလုပ်မျိုး သမ္မတဦးသိန်းစိန်အစိုးရ မလုပ်ပါစေနဲ့ဆုတောင်းပါတယ်)။ 3. Goods and Services Tax အရောင်းအ၀ယ်လုပ်တဲ့နေရာမှာ အစိုးရအခွန်ကောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံ သွင်းကုန်၊ ထုတ်ကုန်များ တန်ဖိုးကို % အလိုက် အခွန်ကောက်ပါတယ်။ ဇိမ်ခံကား သွင်းလာရင် ၃၀၀%၊ ဆေးလိပ်၊အရက်ဆိုရင် ၁၀၀၀% စသဖြင့် အခွန်ကောက်ခြင်းဖြစ်ပါတယ်။ နယ်စပ်နဲ့သင်္ဘောဆိပ်ကမ်း၊ လေဆိပ်တွေမှာ သေချာစွာကောက်နိုင်ပါတယ်။ မြန်မာပြည်အတွက်တော့ နယ်စပ်ကုန်သွယ်ရေးက အကြီးမားဆုံးဖြစ်တဲ့အတွက် တရုပ်၊ ထိုင်း၊ အိန္နိယ နယ်စပ်များက အခွန်လွတ်ဝင်လာတဲ့ တရားမ၀င်ကုန်တွေကိုအခွန်လိုက်ကောက်တဲ့ အဖွဲ့ ၂၀၁၂ မှာ အရေးပေါ်ဖွဲ့ရပါတယ်။ အဲဒီအဖွဲ့က အလွန်ခြစားလို့ကောင်းတဲ့အဖွဲ့လို့ ဆိုပါတယ်။ 4. Statutory Board Contributions ပါမစ်နဲ့စာရွက်စာတမ်းကြေးများဖြစ်ပါတယ်။ အခွင့်မရှိပဲ မလုပ်ရ၊ လုပ်ချင်ရင် ပါမစ်ဖိုး အစိုးရက ကောက်ပါတယ်။ အလွန်များပြားစွာ ရရှိတဲ့ ဌာနဖြစ်ပါတယ်။ စင်ကာပူမှာ အစိုးရဘုတ်အဖွဲ့ပေါင်း ၆၆ခုရှိပါတယ်။ ၀င်ငွေကောင်းတဲ့ ဘုတ်အဖွဲ့တွေကတော့ အိုးအိမ် HDB, JTC, EDB, Accounting, CPF စတဲ့အဖွဲ့အစည်းများဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းက အများဆုံးလုပ်နေတော့ ဟော်တယ်၊ ကွန်ဒို၊ ရှော့ပင်စင်တာတခု ဆောက်ရင် ပါမစ်ဖိုး အစိုးရကမရပဲ ခြစားဝန်ထမ်းများကိုပေးနေရပါတယ်။ 5. Assets Tax (property) အဆောက်အဦး၊ စက်ရုံပိုင်ဆိုင်မှုအခွန်ကလည်း မနည်းလှပါဘူး။ ပေးရတာက တန်ဖိုးရဲ့ ၁%တောင်မရှိပါဘူး။ ဒါပေမဲ့ စင်ကာပူလိုနိုင်ငံမှာ ပိုင်ဆိုင်မှုတန်ဖိုးတွေက အလွန်ဈေးကြီးပါတယ်။ မြန်မာများရဲ့ ပင်နီစူလာပလာစာ အဆောက်အဦးဆိုဒေါ်လာသန်း၁၀၀၀ မက တန်ဖိုးရှိတော့၊ ဆိုင်ခန်းပိုင်ရှင်အားလုံး စုပေါင်းရင် တစ်နှစ်ကို ၁၀သန်းမက ပေးရတယ်။ မြန်မာပြည်မှာတော့ ပိုင်ဆိုင်မှုဥပဒေက ရှိပေမဲ့ တိုက်တာ၊အဆောက်ဦး၊ စက်ရုံတွေရဲ့ တန်ဖိုးအမှန် ဘယ်လောက်လဲ မသိ၊ ရာဖြက်နဲ့ပဲ ဈေးဖြက်နေတော့ ရာဖြတ်နဲ့ပေါင်းပြီး
  • 18. 2/19/2014 စငာပန◌ိငံရဲ့Tax% of GDP http://mingalaronline.biz/stories/tax.collection.htm 4/5 ခြစားလို့ကောင်းနေဆဲဖြစ်ပါတယ်။ တခြားအခွန်အမျိုးစား အများကြီးရှိပါတယ်။ Stamp Duty ရောင်းခွန်၊ ၀ယ်ခွန်၊ မော်တော်ကားခွန်၊ ကာစီနို၊ ထီဖွင့်အခွန် .. စသဖြင့်အများကြီးပါပဲ။ စင်ကာပူအစိုးရအခွန်ရဲ့ ၂၀%လောက်ပဲ ဆိုတော့ မရေးတော့ပါဘူး။ မြန်မာပြည်အခြေအနေ အခုတစ်နှစ်အတွင်း ချက်ခြင်းလက်ငင်း ၄.၅% အခွန်ရရှိတဲ့နေရာကနေ ၂ဆတိုး ၉% ရအောင် မဖြစ်နိုင်ပါဘူး။ နိုင်ငံခြားက အခွန်ကောက်နည်းစနစ်များကိုလေ့လာ၊သင်ကြား၊ကျင့်သုံးရပါဦးမယ်။ ၃နှစ်လောက်ကြာရင် အခွန်၂ဆ ကောက်နိုင်လာပါမယ်။ မြန်မာပြည်က GDP 55 billion usd, 4.5 % = 2.5 billion usd ပဲရရှိပါမယ်။ သို့သော် Eleven Media , April News သတင်းအရ ၂၀၁၂က နယ်စပ် တရားမ၀င်ကုန်များကိုအခွန်လိုက်ကောက်တာ 4 billion usd နီးပါးရတယ်ဆိုတာကြောင့် တိုးတက်လာပြီလို့ ပြောနိုင်ပါတယ်။ ခြစားမှုကိုသမ္မတဦးသိန်းစိန်နှင့်နီးစပ်သူယခင်စီမံဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းဦးစီး စစ်ဆေးနေတယ်လို့ Larry Jagan's April 2013 ဆောင်းပါးမှာ အောက်ပါအတိုင်းရေးထားပါတယ်။ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခုသူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟုဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူဦးသိန်းဇော် (ယခုကချင်ပြည်နယ်ဝန်ကြီး) လည်းစစ်ဆေးခံရသည်ဟုဆိုသည်။ ထိပ်ပိုင်း လူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခံထားရသည်။ တရုပ်ကုမ္ပဏီ Huawei and ZTE တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စုအီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။ ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသည်။ ယခုငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ် ဖြက်သိမ်းခံရပြီး တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟုသိရသည်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုစစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။ အဆင့်မြင့်ဝန်ထမ်းများ ၄၀ခန့်နေရာပြောင်းပြီး ၆ဦးကိုအငြိမ်းစားပေးလိုက်တယ်လို့ အစိုးရသတင်းဌာမှ အောက်ပါအတိုင်းထုတ်ပြန်ပါတယ်။ အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှကုန်သွယ်မှုညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန
  • 19. 2/19/2014 စငာပန◌ိငံရဲ့Tax% of GDP http://mingalaronline.biz/stories/tax.collection.htm 5/5 လက်အောက်ရှိရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။ အစိုးရအရာရှိ၄၀ ကိုဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။ နိဂုံး အခွန်အမှန်ကန် ကောက်နိုင်မှရတဲ့ငွေကြေးများကိုပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ အသုံးချရင်း ဆင်းရဲမွဲတေမှုများက လွတ်မြောက်လာနိုင်မယ်ဖြစ်ပါတယ်။ အခွန်ကောက်စနစ်ကိုအမြန်ဆုံးပြုပြင်တဲ့နည်းတူ.. အခွန်ကောက်ရငွေကိုခြစားအနည်းဆုံးဖြစ်အောင် သုံးစွဲတဲ့ ၀န်ကြီးဌာနပေါင်း ၃၀ကျော်အတွက်လည်း ပြုပြင်ပြောင်းလဲမှုလုပ်ရပါဦးမယ်။ တရုပ်ပြည်မှာတော့ သေဒဏ်ပေးတာတောင် မိရင်အသေခံမယ် ဆိုပြီး ခြစားနေသူများ ရှိပါတယ်။ မြန်မာပြည်မှာလည်း ဟေ့ကောင်..ရပ်တော့..လို့ အော်ပြောနေလဲ၊ အလွန်ဆုံး စစ်ဆေးခံရပြီး၊ အငြိမ်းစားပေးခံရတာလောက်ပဲ ဆိုတော့၊ ခြစားမှုရပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဆင့်မြင့်အရာရှိများ ခြစားမှုရပ်တန်းက မရပ်ရင်တော့ သမ္မတအကြံပေး ဒေါက်တာဦးမြင့် ရဲ့ စာတန်းအရ Fry a big fish ဆိုတဲ့ တရုပ်ပြည်နည်းလမ်း၊ ကျင့်သုံးဖို့ နီးပါပြီ။ ခြစားသူတွေ ပိုင်ဆိုင်ထားတဲ့ ခြံမြေ၊လယ်မြေ၊ စက်ရုံတွေ လိုက်သိမ်း၊ ခြစားသူများရဲ့ နိုင်ငံခြားဘဏ်စာရင်းကိုလိုက်သိမ်း ..ဆိုရင် တော်တော်ရှုပ်လာတော့မယ်။ ဟူး... သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် ... မလွယ်ပါဘူး။ ဥပဒေစိုးမိုးဖို့ ခြကြီးများကိုအရင်ရှင်းထုတ်နိုင်ပါစေ...။ ၀တ်မှုန် ၉-ဧပြီ-၂၀၁၃
  • 20. 2/19/2014 ◌ခြစားမှုတိကျက်ေ◌ရး သမ္မတအကြံေ◌ပး http://mingalaronline.biz/stories/tax.and.budget.for.clean.government.htm 1/6 ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) နှင့်ပညာရေး သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏ Corruption Paper စာတန်းမှာ ခေါင်မိုးမှစတင်တိုက်ဖျက်၊ Fry a big fish ဟုရေးထားပါသည်။ ၂နှစ်ကြာခဲ့ပါပြီ။ ယခု၂၀၁၃ တွင် တော်တော်လေး အောင်မြင်လာတာ တွေ့ရပါသည်။ အခွန်ကောက်စနစ်မှာ ခြစားမှု၈၀% ပြည်ပအ၀င်အထွက်ဂိတ်များနဲ့ကုမ္ပဏီကြီး ၅၀၀ ခန့်ကို ပရိုဖက်ရှင်နယ် Audit များနှင့်ရအောင် အခွန်ကောက်ရန်၊ အခွန်ရှောင်ပါက ကြီးမားသော ဒဏ်ငွေဆောင်စေရန် ဖြစ်သည်။ ကုမ္ပဏီတိုင်းကိုစပါယ်ရှယ် စာရင်းစစ်အဖွဲ့မလိုပါ။ Asia World လိုမျိုးကုမ္ပဏီကိုအထူး စာရင်းစစ်ရမည်ဖြစ်သည်။ အခွန်ကောက်မှုကိုစနစ်တကျဆောင်ရွက်ခြင်း အရှိန်ရလာပါသည်။ လူကောင်းများကိုခန့်ပြီး၊ လေ့ကျင့်ထားနိုင်ဖို့နှစ်နဲ့ချီပြီးလုပ်ရပါသည်။ မလွယ်ပါ။ (June 2013 removed many corrupted officers from Ygn & Mdy tax departments) အခွန်ပြီးရင် ဒုတိယအနေနဲ့အခွန်ငွေသုံးစွဲမဲ့ဌာနကြီးတွေမှာ ခြစားမှုနည်းအောင်လုပ်ရပါမယ်။ အခွန်သုံးဌာနများက ၀န်ကြီးဌာနအားလုံးပါ။ သို့သော် ခြစားမှုစနစ်ကိုတိုက်ဖြက်ဖို့ဆိုရင် လူများများ (၀န်ထမ်းများများ) ရှိတဲ့ ၀န်ကြီးဌာနတွေကိုဦးစားပေးရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (စစ်သည် ၄သိန်း)၊ ပညာရေးဝန်ကြီးဌာန (ဆရာ/မ) ၃သိန်း၂သောင်း၊ ကျန်းမာရေး ဆရာ/မ - ၅သောင်း (ပုဂ္ဂလိကဆေးရုံ၊ သ/မ ဆေးခန်းများပေါင်းလျှင် တစ်သိန်းခွဲခန့်ရှိနိုင်မည်)။ ထိုလူများအတွက် အခြေခံစားဝတ်နေရေးအတွက် ဘတ်ဂျတ်မြှင့်တင်ပေးရပါမည်။ ငွေပေးနည်း (လစာတိုးပေးနည်း) မထိရောက်ပါ။ အစိုးရ၀န်ထမ်းများကိုအခြေခံစားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးခြင်းသည်၊ ခြစားမှုတိုက်ဖြတ်ခြင်းဖြစ်သည်။ အစိုရအရာရှိကြီး အများစုသည် ခြအကြီးစားကြီးများဖြစ်သည်။ ထိုခြအကြီးစားကြီးများ၊ ရပ်တန်းက မရပ်ပဲ ဆက်လက်ကျူးလွန်နေသူများကိုတာဝန်မှဖယ်ရှားရုံမက၊ အရေးယူပြီး၊ သူတို့ပိုင်ဆိုင်မှုများကိုသိမ်းဆည်းနေပါသည်။ ဥပမာ..ဆက်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ကြီးဌာန....။ မြန်မာပြည်ရောက်သွားပြီး အခြေခံလူတန်းစားတွေကိုလေ့လာရုံမက၊ စာလည်းရေးနိုင်သော အင်္ဂလန်မှ ဒေါ်ခင်မမမျိုး မြန်မာပြည်၊ ကလေးသူငယ်များ၊ ကျောင်းမတတ်နိုင်၊ လဘက်ရည်ဆိုင်း တလ ကျပ်၂သောင်းဖြင့် အလုပ်လုပ်ရင်း ပညာသင်သော၊ ပြင်ပကျောင်းကိုရန်ကုန်တွင်လေ့လာပြီး၊ ရွံနွံထဲသွားရင်း လဲကျ၊ တကိုယ်လုံးနာ၊ ရင်နင့်ဘွယ်ရကိုမြင်ရပြီး၊ ရင်နာစွာ ရေးထားသော ဆောင်းပါးကိုဖတ်ရသည်။ လေးစားပါသည်။ ကျေးဇူးတင်ပါသည်။ မကြာခင်မှာ မြန်မာကလေးများကိုမူလတန်းမှစပြီး ပြည်သူနီတိဘာသာရပ်ကိုသင်ကြားတော့မည်ဖြစ်သည်။ ပညာရေးစနစ်သစ် ပြည်သူနီတိကို လူမူရေးစံနမူနာပြသူများ Role Model များက အချိန်ပိုင်းသင်ကြားပေးရန်ဖြစ်သည်။ ခရိုနီ၊မိုနိုပိုလီအစိုးရ